မင်းသား ဆောင်ဆန်ဟွန်း အားလပ်ရက်တွင် ချစ်သူနှင့်အတူ အပန်းဖြေ ဂေါ့ဖ် ကလပ်တစ်ခုသို့ ရောက်ရှိ

မင်းသား ဆောင်ဆန်ဟွန်း အားလပ်ရက်တွင် ချစ်သူနှင့်အတူ အပန်းဖြေ ဂေါ့ဖ် ကလပ်တစ်ခုသို့ ရောက်ရှိ

ဒီဇင်ဘာ ၁၄ ။            ။ ကိုရီးယား မင်းသားချော ဆောင်ဆန်ဟွန်းတစ်ယောက် ၎င်း၏ အားလပ်ရက်အချိန်များကို ချစ်သူမိန်းကလေး လွီယီဖေး နှင့်အတူ အပန်းဖြေ ဂေါက်ကလပ်တစ်ခု၌ အတူရှိနေခဲ့သည်ဟု ပြည်တွင်းသတင်းမီဒီယာတစ်ခုက ဖော်ပြသည်။

ကိုရီးယားနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရှိသော South Cape Spa & Suite အပန်းဖြေဂေါ့ဖ်ကလပ်သို့ ၎င်းတို့နှစ်ဦးသည် ယွီဖေး၏ မိခင်ဖြစ်သူနှင့်အတူ လာရောက်ခဲ့သည်ဟု သိရသည်။ အစောပိုင်းက သတင်းများကဖော်ပြရာတွင် ယွီဖေးသည် ဆောင်၏ မွေးနေ့မတိုင်မီတစ်ရက်အလို အောက်တိုဘာလ ၄ ရက်က အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာခဲ့သည်ဟု ဖော်ပြခဲ့သေးသည်။

ယခု အပန်းဖြေစခန်းသည် ယခင်က ကိုရီးယား သရုပ်ဆောင်စုံတွဲဘေးယောင်ဂျွန်းနှင့် ပတ်ဆူဂျင်းတို့ ဇူလိုင်လက ဟန်နီးမွန်းခရီးအဖြစ်လာရောက်ခဲ့သည့်နေရာလည်းဖြစ်သည်။

ဆောင်တို့ စုံတွဲသည် တရုတ်ရုပ်ရှင်ဇာတ်လမ်းတွဲဖြစ်သော "The Third Way of Love" တွင် အတူတကွ သရုပ်ဆောင်ပြီးနောက် မေတ္တာမျှခဲ့ကြပြီးနောက် ၎င်းတို့နှစ်ဦးတွဲနေကြောင်းကို သြဂုတ်လက အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly