နိုင်ငံ့ ပုံရိပ် မြှင့်တင်နိုင်မှုအတွက် မင်းသား ကင်မ်ဆူဟွန်း ဆုချီးမြှင့်ခံရ

နိုင်ငံ့ ပုံရိပ် မြှင့်တင်နိုင်မှုအတွက် မင်းသား ကင်မ်ဆူဟွန်း ဆုချီးမြှင့်ခံရ

ဒီဇင်ဘာ ၁၄ ။.          ။ တောင်ကိုရီးယားမင်းသား ကင်မ်ဆူဟွန်းနှင့် စကိတ်စီး အားကစားသမားမယ်ဟောင်း ကင်မ်ယွီနာတို့  နိုင်ငံ့ပုံရိပ် မြင့်တင်နိုင်မှုအတွက် ဒီဇင်ဘာလ ၁၂ ရက်က ဆုအသီးသီး ချီးမြှင့်ခံခဲ့ရသည်။

ကိုရီးယား အမှတ်လက္ခဏာမြင့်တင်ရေး ဆိုင်ရာအဖွဲ့အစည်းက ချီးမြင့်ပေးအပ်ခဲ့သည့် ယင်းဆုပေးပွဲအခမ်းအနားသည် နိုင်ငံ၏ ပုံရိပ်အမှတ်လက္ခဏာကို မြင့်တင်နိုင်ခဲ့သည့် တစ်ဦးချင်း နှင့် ကုမ္မဏီများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝန်း ကိုရီးယားနိုင်ငံ၏ ပုံရိပ်ကောင်းကို ထပ်မံပြန့်နှံ့စေရန် တွန်းအားပေးလို၍လည်းဖြစ်သည်။

မင်းသား ကင်မ်ဆူဟွန်းအား အနုပညာယဉ်ကျေးမှု နယ်ပယ်အတွက်လည်းလည်းကောင်း၊ ကင်မ်ယွီနာ အားလည်း အားကစားနှင့်ပတ်သက်၍လည်းကောင်း ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ကော်စမတ်တစ် ကုမ္မဏီ AmorePacific သည်လည်း အထက်ပါ ဆုချီးမြင့်ခံခဲ့ရသည်။

မင်းသား ကင်မ်ဆူဟွန်း ပါဝင်ရိုက်ကူးထားသော ဇာတ်လမ်းတွဲများဖြစ်သည့် "My Love from the Star", "The Producers" ဇာတ်ကားများသည် တရုတ်အပါအဝင် နိုင်ငံရပ်ခြားကပါ စိတ်ဝင်စားမှု ရှိနေသည်။

ကင်မ်ယွီနာသည်လည်း ဆောင်းရာသီ အိုလံပစ်ပွဲတွင် ရွှေတံဆိပ်ဆုရခဲ့သည့် ပထမဆုံးကိုရီးယား စကိတ်မယ်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းသည် ဆက်လက်၍ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်သော သြဇာအလွှမ်းမိုးနိုင်ဆုံးသူ ၁၀၀ ထဲတွင် တစ်ဦးအဖြစ် ရွေးချယ်ခံထားရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly