ကြောက်စိတ်များဖြင့်ကစားနေသည့် မန်ယူအသင်းနောက်ပြန်သွားနေဟု ဖာဒီနန်သုံးသပ်

ကြောက်စိတ်များဖြင့်ကစားနေသည့် မန်ယူအသင်းနောက်ပြန်သွားနေဟု ဖာဒီနန်သုံးသပ်

ဒီဇင်ဘာ ၁၄၊ မန်ချက်စတာ ။             ။ ကြောက်စိတ်များဖြင့်ကစားနေသောကြောင့် မန်ယူအသင်းနောက်ပြန်သွားနေသည်ဟု ကစားသမားဟောင်း ဖာဒီနန်က သတိပေးပြောဆို လိုက်သည်။

မန်ယူအသင်းသည် ဖိအားများတိုးလာသည့် နည်းပြဗန်ဟားလ်၏လက်အောက်တွင် ရက်သတ္တပတ်ဆိုးတစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။ ကြားရက်တွင် ချန်ပီယံလိဂ်မှထွက်ခဲ့ရသော မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင်လည်း ဘုန်းမောက်အသင်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ရ သည်။

"မန်ယူအသင်းက နောက်တစ်ကြိမ် နောက်ပြန်သွားနေပြီး ပြောင်းလဲဖို့လည်း မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းပြက အပြောင်းအလဲ လုပ်မှာ မဟုတ်လို့ပါ"ဟု ဖာဒီနန်က The Sun သတင်းစာသို့ ပြောသည်။

ဒေးဗစ်မိုယက်စ်လက်ထက်နောက်ပိုင်း အဆင့်လေးအတွင်းမဝင်ခြင်း ထပ်ဖြစ်လာခဲ့လျှင် မန်ယူအသင်းအတွက် ထိခိုက်မှုကြီးဖြစ်လာလိမ့်မည် ဟုလည်း ဖာဒီနန်က ယုံကြည်နေသည်။
ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့လျှင်လည်း ဗန်ဟားလ်အနေဖြင့် ကိုယ့်တံခါးပေါက် ကိုယ်ရှာထားရဖွယ်ရှိနေသည်ဟု ဖာဒီနန်က ပြောသည်။

"နွေရာသီမှာ ဂွာဒီယိုလာနဲ့ အန်ဆလော့တီတို့ကိုရနိုင်ပြီး မေးခွန်းက ဗန်ဟားလ်ထက် သူတို့ပိုကောင်းအောင် လုပ်နိုင်မလားဆိုတာပဲ။ ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေက ဗန်ဟားလ်အတွက် ငွေအများကြီး သုံးပြီးနောက် သူ့ကို ဆက်ပြီးထောက်ခံကောင်း ထောက်ခံနိုင်ပေမယ့် မန်ယူ အတွက် အကောင်းဆုံးဖြစ်အောင်လည်း လုပ်ဖို့ရှိနေမှာပဲ။ လာမယ့် ခြောက်လတာကာလကတော့ တကယ့်ကို အရေးပါတဲ့ ကာလပါ"ဟု ဖာဒီနန်က ပြောသည်။

နည်းပြဗန်ဟားလ်ကမူ ဘုန်းမောက်ကို ရှုံးခဲ့သည့်တိုင် မန်ယူအသင်းတွင် ပရီးမီးယားလိဂ်ဆုဖလားကိုင်မြှေက်ခွင့်ရရန် အခွင့်အရေးရှိနေဆဲဟု ပြောဆိုထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly