ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်အနီး အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးလေ့ကျင့်မည်

ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်အနီး အမေရိကန်၊ ဂျပန်တို့နှင့် စစ်ရေးလေ့ကျင့်မည်

ပူအာတိုပရင်စေဆာစီးတီး၊ဇွန် ၂၂ ။        ။ ဖိလစ်ပိုင်က  တောင်တရုတ်ပင်လယ်အနီး အမေရိကန်၊ ဂျပန်တို့နှင့် ယခုသီတင်းပတ် အတွင်း သီးခြားစီရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ် မည်ဖြစ် သည်။

လေ့ကျင့်မည့်နေရာမှာ အငြင်းပွားနေသည့် စပရက်တလီကျွန်းစုမှ မဝေးလံသည့် ဖိလစ်ပိုင်ကျွန်းတစ်ခုတွင် ပြုလုပ်မည်ဖြစ်သည်။ တရုတ်က စပရက်တလီကျွန်းစုတွင် ကျွန်းတုစခန်းခုနှစ်ခု ကိုလျင်မြန်စွာ ဆောက်လုပ်ခြင်းက ဒေသတွင်းတင်းမာမှု ကို ဖြစ်ပေါ်စေလျက်ရှိသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်စွာပြောဆိုလုပ်ဆောင်မှုကြောင့် အာရှတွင် အင်အားအနည်းဆုံးရေတပ် တစ်ခုသာ ပိုင်ဆိုင်သော ဖိလစ်ပိုင်သည် ယခုနှစ်အတွင်း ဝါရှင် တန်နှင့် သာမက ဂျပန်၊ ဗီယက်နမ်တို့နှင့်လည်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြင့်တင်ခဲ့သည်။

ဖိလစ်ပိုင် အစိုးရ၏ ရေတပ်အင်အားသည် အကန့်အသတ်ဖြင့်သာရှိသဖြင့် စပရက်တလီကျွန်းစုနှင့် ကီလိုမီတာ ၁၆၀ ခန့်ဝေးသော ပါလာဝန်ကျွန်းတွင် အမေရိကန် ဂျပန်တို့နှင့် ပေါင်းစည်းလေ့ကျင့်ရန် အစီအစဉ်မရှိဟု ဖိလစ်ပိုင်စစ်အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

"အတိုင်းအတာတစ်ခုတော့ တပ်ဖွဲ့သုံးခုဟာ လေ့ကျင့်မှုတစ်ခုမှာ ပေါင်းစည်းနိုင်မှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့လေ့ကျင့်မှုမှာ ပါဝင်ဖို့ ကျွန်တော်တို့မှာ သင်္ဘောနှစ်စင်းနဲ့ လေယာဉ်ကလည်း အကန့်အသတ်နဲ့သာရှိပါတယ်"ဟု အမည်မဖော်သော ၎င်းအရာရှိက ပြောသည်။

ဇွန် ၂၁နောက်ပိုင်းက သတင်းထောက်များသည် ပါလာဝန်ကျွန်း၏ မြို့တော်၊ ပူအာတိုပရင်စေဆာစီးတီးရှိ စစ်လေယာဉ်ကွင်း တစ်ခုတွင် ပင်လယ်ရေကြောင်း ထောက်လှမ်းရေးလေယာဉ် P3C-Orion နှစ်စီးကို တွေ့မြင်ခဲ့ကြသည်။ တစ်စီးမှာ အမေရိကန် ပိုင်ဖြစ်ပြီး အခြားတစ်စင်းမှာ ဂျပန်ပိုင်ဖြစ် သည်။

ဖိလစ်ပိုင်သည် အမေရိကန်နှင့် နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို လွန်ခဲ့သောသီတင်းပတ်နှောင်းပိုင်းက စတင်ခဲ့ပြီး ဂျပန်နှင့် လေ့ ကျင့်မှုကို ဇွန် ၂၃ တွင် စတင်သည်။ လေ့ကျင့်မှုနှစ်ခုစလုံး ကိုဖိလစ်ပိုင်ရေပိုင်နက်တွင်သာ ပြုလုပ်မည်ဖြစ်သည်။ ဖိလစ်ပိုင်သည် စစ်ရေးလေ့ကျင့်မှုကိုအမေရိကန်နှင့် ပုံမှန်ပြုလုပ်သော်လည်း ဂျပန်နှင့် လေ့ကျင့်မှုကို မေလကသာ ပထမဆုံးအကြိမ်ပြု လုပ်ခဲ့ သည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဂျပန်အစိုးရသည် ယခုနှစ်အတွင်း အရှေ့တောင်အာရှတစ်ဝန်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကို မြင့်တင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly