နောက်မျိုးဆက် အကြမ်းဖက်သမားများ မွေးထုတ်ရန် အိုင်အက်စ်က နှစ်နှစ်ကလေးငယ်များကို လက်သပ်မွေးသင်တန်းပေးနေ

နောက်မျိုးဆက် အကြမ်းဖက်သမားများ မွေးထုတ်ရန် အိုင်အက်စ်က နှစ်နှစ်ကလေးငယ်များကို လက်သပ်မွေးသင်တန်းပေးနေ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၄ ။           ။ အကြမ်းဖက်သမားနောက်မျိုးဆက်အား မွေးထုတ်ရန် အိုင်အက်စ်တို့က ဆီးရီးယားနှင့် ကာဇက်စတန်တွင် နှစ်နှစ်အရွယ် ကလေးငယ်များကို စခန်းသွင်းလေ့ကျင့်ပေး လျက်ရှိကြောင်း မလေးရှားရဲက ပြောသည်။

ယင်းလေ့ကျင့်စခန်းများကို လွန်ခဲ့သည့် သုံးနှစ်ကတည်းက တည်ထောင်ထားခြင်းဖြစ်နိုင်ကြောင်း ကွာလာလမ်ပူ၌ စာတမ်းဖတ်ပွဲတစ်ရပ်တွင် အကြီးတန်းအကြမ်းဖက်တိုက်ဖျက်ရေးအရာရှိ အယော့ဘ်ခန်မိုင်ဒင်ပစ်ချေးက ပြောကြားသည်။

၎င်းက ဗီဒီယိုမြင်ကွင်းတစ်ရပ်ကိုလည်း ပြသခဲ့ရာ၌ ကလေးငယ်များက စစ်သင်တန်းများ သင်ကြားနေသည့်မြင်ကွင်းများနှင့် အစ္စလာမ်မစ်နိုင်ငံတော်နှင့် ခေါင်းဆောင်အား သစ္စာခံသည်ဟု ကျမ်းကျိန်နေပုံများကို မြင်တွေ့ရသည်။

“လမ်းလျှောက်တတ်စ ကလေးငယ်လေးတွေပါ။ ဒါကို သေနတ်ကိုင်ပစ်ခတ်နည်းတွေ သင်ပေးနေတယ်။ ဒီအရွယ်ကလေးလေးတွေ ဘယ်လိုများ ဒီရောက်နေရတာလဲ။”ဟု အယော့ဘ်ခန်မိုင်က ပြောသည်။

ယခုကိစ္စရပ်က အလွန်စိုးရိမ်စရာကောင်းကြောင်း၊ အိုင်အက်စ်ခြိမ်းခြောက်မှုများ ပိုကျယ်ပြန့်လာမည့် လက္ခဏဖြစ်ကြောင်း ဒက်ကင်းတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဂရစ်ချ်ဘာတွန်က ဆိုသည်။

“အံ့တော့ မအံ့သြပါဘူး။ ဒါပေမယ့် စိုးရိမ်စရာအလွန်ကောင်းပါတယ်။ ဒီကလေးငယ်လေးတွေက ဘာတွေဖြစ်လာမလဲဆိုတာ တွေးရတာကိုက ဖျားချင်စရာပါပဲ။”ဟု ၎င်းကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly