အာဖဂန်နစ္စတန်လွှတ်တော်ကို တာလီဘန်များ တိုက်ခိုက်

အာဖဂန်နစ္စတန်လွှတ်တော်ကို တာလီဘန်များ တိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ လွှတ်တော်အဆောက်အအုံသို့ လက်နက်ကိုင်များက တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ရဲများက လွှတ်တော်အဆောက်အအုံအား တာလီဘန်များက ထိန်းချုပ်မသွားနိုင်ရန် ခုခံလျက်ရှိသည်။

ကာကွယ်ရေးဝန်ကြီးသစ် မတ်ဆွမ်းစတန်နီဇိုင်းက လွှတ်တော်အမတ်များ၏ ထောက်ခံမှုရရန် မိတ်ဆက်တွေ့ဆုံနေချိန်တွင် ယခုတိုက်ခိုက်မှုဖြစ်ပွားနေခြင်း ဖြစ်သည်။

လွှတ်တော်အဆောက်အအုံတိုက်ခိုက်မှုကို ရုပ်မြင်သံကြားကတိုက်ရိုက်သတင်းထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်အမတ်များအား အဆောက်အအုံတွင်းမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ထားနိုင် ဖွယ်ရှိကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly