ဒေါ်အောင်ဆန်းစုကြည်အမှိုက်ကောက်၊ တစ်ပတ်တစ်ကြိမ်အမှိုက်ကောက်ဖို့မှာကြား

ဒေါ်အောင်ဆန်းစုကြည်အမှိုက်ကောက်၊ တစ်ပတ်တစ်ကြိမ်အမှိုက်ကောက်ဖို့မှာကြား
အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည် ဦးဆောင်၍ အမှိုက်ကောက်လှုပ်ရှား ဆောင်ရွက်မှုကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ကော့မှူးမြို့ရှိ ဖလေးချောင်းအနီးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္စျိမ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။          ။ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်တွင် ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် ၇နာရီတွင်စတင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်ကအမှိုက်ကောက်ခဲ့ပြီး၊ တစ်လသို့မဟုတ်၊ တစ်ပတ်တစ်ကြိမ် အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ရန်မှာကြားထားသည်ဟု ယင်းမြို့နယ်တိုင်းလွှတ်တော်အမှတ် ၁၊ အနိုင်ရ NLD အမတ် ဒေါ်သန္တာအေးက မဇ္ဈိမကိုပြောသည်။

"အပတ်စဉ်လစဉ်အမှိုက်ကောက်ဖို့ သန့်ရှင်းရေးလုပ်ဖို့မှာတယ်။ အဲဒီလိုလုပ်ရင်တော့ ဒေါ်အောင်းဆန်းစုကြည် ပါချင်မှပါမယ်။ ကိုယ့်ဝန်းကျင်သန့်ရှင်းဖို့အတွက် သက်ဆိုင်ရာပါတီအဖွဲ့ခေါင်းဆောင်းတွေကို မှာကြားထားတာ" ဟု ၎င်းကဆိုသည်။

ဒီဇင်ဘာ ၁၃ရက်နှင့် ၁၄ရက်နေ့တို့တွင် မြန်မာတစ်နိုင်ငံလုံးမှ ရွေးကောက်ပွဲဝင်အနိုင်ရကိုယ်စားလှယ်များ ဦးဆောင်ကာ တစ်နိုင်ငံလုံးတွင် အမှိုက်ကောက်မည်ဟုလည်း NLD က ဒီဇင်ဘာ ပထမအပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ရွေးကောက်ပွဲဝင်မြို့နယ်လည်းဖြစ် လက်ရှိမဲဆန္ဒနယ်လည်း ဖြစ်တဲ့ကော့မှူးမြို့နယ်တွင် ဒီဇင်ဘာ ၁၃ရက် နံနက် ၇နာရီမှစတင်ကာ ၉နာရီအထိ အမှိုက်ကောက်ခဲ့ပြီး ကျန်ရှိသည့် အဖွဲ့ဝင်များကမူ နေလည်ပိုင်းအထိကောက်ခဲ့ကြသည်ဟု ဒေါ်သန္တာအေးကဆိုသည်။

ကော့မှူးမြို့နယ်အတွင်း အမှိုက်ကောက်မှုကို ဒီဇင်ဘာ ၁၂ရက်မှ စတင်ခဲ့ပြီး ၁၄ရက်နေ့အထိကောက် မည်ဖြစ်သည်။

စတင်ကောက်သည့်နေမှစကာ ယနေ့ထိကောက်ယူရရှိသည့်အမှိုက်များစွန့်ပစ်နိုင်ရေးကို သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာဖြင့်ပူးပေါင်းဆောင်ရွက်ပြီး သတ်မှတ်စွန်ပစ်နေ့ရာများတွင် စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ သည်ဟု ကော့မှူး NLD မှသိရသည်။

NLD သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာ အများဆုံးအနိုင်ရရှိ ထားပြီး အစိုးရသစ်ဖွဲ့စည်းခွင့်ရရှိထားသည့်ပါတီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags