မြန်မာနိုင်ငံတွင် ကလေးမှောင်ခိုကူးမှုများ စံချိန်တင်မြင့်တက်လျက်ရှိ

မြန်မာနိုင်ငံတွင် ကလေးမှောင်ခိုကူးမှုများ စံချိန်တင်မြင့်တက်လျက်ရှိ

မြန်မာနိုင်ငံတွင် နိုဝင်ဘာလတစ်လတည်း၌ လူမှောင်ခိုကုန်ကူးမှု အမှုပေါင်း ၉၃ ခုကို ရဲတပ်ဖွဲ့ကစစ်ဆေး  ထောက်လှမ်းခဲ့ရခြင်းကြောင့် ယခင် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် စံချိန်တင်အရေ အတွက် ဖြစ်ကြောင်း Myanmar's Anti-Trafficking in Persons Division က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ယခုနှစ်အတွင်း လူမှောင်ခိုကုန်ကူးခံရသူ ၆၁၇ ဦးရှိရာတွင် အာဏာပိုင်များက ၅၀၀ ကျော်ကို ကယ်တင်ခဲ့ရပြီး ယင်းအရေအတွက်အနက် ကလေးမှောင်ခိုကုန်ကူးခံရသူ ၁၀၀ နီးပါးရှိနေသည်။

ပြီးခဲ့သည့် ဆယ့်တစ်လအတွင်း လူမှောင်ခိုကုန်ကူးမှု စုစုပေါင်း ၁၂၀ ကိုဖော်ထုတ်နိုင်ခဲ့ပြီး လူမှောင်ခိုကုန်ကူးသူ ၃၅၅ ဦးတွင် ၂၂၆ ဦးအား နိုင်ငံတွင်း၌ ဖမ်းဆီးနိုင်ခဲ့သည်။ လူမှောင်ခိုကုန်ကူးမှု ဖြစ်ပွားမှုတွင် ရှမ်းပြည်နယ်က အများဆုံးဖြစ်ပြီး အမှုပေါင်း ၃၆ မှုအထိဖြစ်ပွားကာ မန္တလေးနှင့် ရန်ကုန်တို့တွင် ၁၇ မှုစီဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တွင်မူ ၁၃ မှုဖြစ်ပွားခဲ့သည်။

၂၀၀၆ ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ တစ်နိုင်ငံလုံး လူမှောင်ခိုမှုပေါင်း ၁၂၄၃ မှုဖြစ်ပွားကာ မှောင်ခိုကူးခံရသူ ၂၅၀၀ ကို ကယ်တင်နိုင်ခဲ့ပြီး လူမှောင်ခိုကူးသမား ၂၀၀၀ ကျော်အား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly