မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးနဲ့ ရမိနစ်တာစကားစမြည်

13 December 2015
မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝေဖြိုးနဲ့ ရမိနစ်တာစကားစမြည်
(ဓာတ်ပုံ- မဇ္စျိမ)
 

အခုနှစ်ရဲ့ နိုဝင်ဘာလနောက်ဆုံးသီတင်းပတ်ထဲမှာ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံမြို့ကြီး (၁၀)မြို့မှာ ကမ္ဘာလုံးဆိုင်ရာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ရက်သတ္တပတ်ကို ပြုလုပ်ခဲ့ပါတယ်၊ ဒါက မြန်မာနိုင်ငံက လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေအတွက် ဘာတွေထူးခြားခဲ့သလဲ၊ ပြီးတော့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်ကဏ္ဍကို ဘယ်လောက် အထိအားပေးကူညီဖို့ လိုအပ်နေလဲဆိုတာကို မဇ္ဈိမသတင်းထောက် ကိုအောင်သူရက မြန်မာ့လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း ဥက္ကဌ ဦးဝေဖြိုးနဲ့ 7 Minutes အစီအစဉ်မှာ တွေ့ဆုံထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ ပြုလုပ်သွားခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ် စွန့်ဦး တည်ထွင်သူများရဲ့ ရက်သတ္တပတ်က ဘာတွေထူးခြားသလဲ ဆိုတဲ့မေးခွန်းနဲ့ စရအောင်ပါ ခင်ဗျ။ ဦးဝေဖြိုး ခင်ဗျ မြန်မာနိုင်ငံရဲ့ မြို့ကြီး ဆယ်မြို့မှာ လုပ်ကိုင်ခဲ့တဲ့ အဲဒီနေ့ရဲ့ထူးခြားမှုဟာ ဘယ်လောက်ထိအောင် ထူးခြားသွားခဲ့သလဲ ခင်ဗျ။

အဲဒီလုပ်ခဲ့တဲ့ပွဲက Global Intreprenrurs week လို့ ခေါ်ပါတယ်။ အဲတာ တစ်ကမ္ဘာ့လုံးပေါ့။ နိုင်ငံပေါင်း ၁၆၀ ကနေ တစ်ပြိုင်နက်တည်း တစ်ပါတ်ထဲမှာပေါ့ ဒီ Entrepreneurship Development ကိုပဲ လုပ်သွားတာ။  မြန်မာနိုင်ငံမှာကတော့ မြို့ကြီး ၁၀ မြို့မှာလုပ်တာပေါ့။ အဓိကတော့ ရန်ကုန်မှာ လုပ်တာပေါ့။ လုပ်တဲ့အခါမှာ  သူ့ရဲ့ Impact ကတော့ အဓိက ကတော့ Imformation ဖလှယ်တာပေါ့။

သူရဲ့ထူးခြားမှုကကော ခင်ဗျ။ ဘာလို့ဆိုတော့ Activities မြန်မာနိုင်ငံမှာလဲ ကမ္ဘာနဲ့ တန်းတူ လုပ်လာပြီပေါ့။ ဒီလူငယ် စွန့်ဦးတီထွင်နဲ့ ပတ်သက်ပြီးတော့။

ထူးခြားမှုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ ပိုပြီး လုပ်ချင်လာတာပေါ့။ စွန့်ဦးတီထွင်ဆိုတာ လုပ်နိုင်တယ်ဆိုတာ သူတို့ သဘောပေါက်သွားပြီပေါ့။ ကိုယ်ကိုယ်တိုင် ကြိုးစားရင်လဲ ဖြစ်တယ်ပေါ့။ အဲအသိတရားဝင်ပြီး အဲလို လုပ်ချင်ကိုင်ချင်တဲ့ စိတ်က ပိုပြီး ဖြစ်လာတာပေါ့။

ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ဒီ Activities သက်ရောက်မှုပေါ်မှာ စိတ်ဝင်စားလာတဲ့ မြန်မာလူငယ် စွန့်ဦးတည်ထွင် ဒါမှ မဟုတ်ရင် ကိုယ်ပိုင်နည်းလမ်းနဲ့ လုပ်ငန်းလုပ်ကိုင်ချင်တဲ့ လူငယ် အရေတွက် များလာပြီလို့ ပြောလို့ ရသလား ခင်ဗျ။

များလာပြီ ပိုပိုပြီတော့များလာပြီ လူငယ်တွေရဲ့ အိုင်တီက ရှိတယ်။ အစကတည်းက ရှိတယ်။ သူတို့ ဆန်းသစ်ချင်တယ် တီထွင်ချင်တယ်။ ဒါပေမယ့် အရင်တုန်းက ဆိုရင် ကျွန်တော်တို့ ရခဲ့တဲ့ အခွင့်ရေးတွေက လုံလုံလောက်လောက်တော့ မရှိဘူးပေါ့။ ဒီနောက်ပိုင်းမှာတော့ ပိုပြီးတော့ ပွင့်လာပြီ ပိုပြီးတော့လည်း အခွင့်အရေးတွေ များလာတဲ့ အခါမှာ သူတို့ကတော့ လုပ်ချင်ကိုင်ချင်တဲ့ ဟာလေးတွေ ဆန်းသစ်တီထွင်တဲ့ ဟာလေးတွေကတော့ အများကြီး ပေါ်လာမှာပေါ့။

တလောကဆိုရင် ကျွန်တော်လေ့လာကြရသလောက်ဆိုရင် ICT ကဏ္ဍမှာ လူငယ် စွန့်ဦးတီထွင် လုပ်ကိုင်ချင်တဲ့ သူတွေက ပိုပြီး များလာတယ်လို့ သိရတယ် ခင်ဗျ။ ဒီအခြေအနေလေးတွေနဲ့ ပတ်သက်ပြီးတော့ သုံးသပ်ပေးပါအုံး။

ICT ကဏ္ဍမှာ လုပ်ချင်တဲ့သူ များတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒီမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ICT သီးသန့် လုပ်ချင်တဲ့သူ၊ နောက်တစ်ပိုင်းက ICT အသုံးပြုပြီးတော့ လုပ်ငန်းတစ်ခု တည်ထောင်ချင်တဲ့သူ။  မတူဘူး။ ICT သီးသန့်လုပ်ချင်တဲ့သူကတော့ ဒါလုံးဝ IT  ပဲလုပ်မယ်ပေါ့နော်။ Programme လုပ်မယ်။ Software လုပ်မယ်။ နောက်တစ်ပိုင်းက ဘာဖြစ်လာလဲဆိုတော့ ICT ဆိုတာ ကဏ္ဍ တစ်ခုလို မြင်လို့ မရတော့ဘူး။ ICT က ကဏ္ဍတိုင်းနဲ့ သက်ဆိုင်သွားပြီ။ ဥပမာ ထုတ်လုပ်မှုမှာလဲသက်ဆိုင်တာပဲ။ ဝန်ဆောင်မှုမှာလဲ သက်ဆိုင်တာပဲ။ ဒါ Trading မှာလဲ သက်ဆိုင်တာပဲ။ အကုန်လုံး သက်ဆိုင်သွားတဲ့အခါမှာ ဒီနောက်ပိုင်းမှာ IT  နည်းပညာကလဲ  တိုးတက်လာပြီ Software လဲအဆင်ပြေလာပြီ။ ဖုန်းတွေကလဲ အဆင်ပြေလာပြီ။ Connection တွေကလဲ ကောင်းလာပြီ။ လူငယ်တွေက အဲဒီ Platform ကို ကူးချင်တာ။ သူက ဝန်ဆောင်မှု လုပ်ချင်လုပ်မယ်။ ဝန်ဆောင်မှုကို IT  နဲ့ပေါင်းပြီးတော့ ပိုပြီးတော့ ထိရောက်တဲ့ ဝန်ဆောင်မှု၊ အဲတာဘက်ကို သွားချင်တာပေါ့။ အဲဒီတော့ IT  သီးသန့်လားဆိုတော့ မဟုတ်ဘူး။ IT ကို အသုံးချတဲ့ ဝန်ဆောင်မှုတွေ အများကြီး ဖြစ်လာတယ်။

ဆိုတော့ ကဏ္ဍပေါင်းစုံ၊နည်းပညာပေါင်းစုံမှာ ဘယ်စီးပွားရေး မဆို သူတို့ Upgrade လုပ်ချင်တယ်။ Update လုပ်ချင်တဲ့ အနေထားမှာ ပိုပြီးတော့ လုပ်ငန်း Smooth ပိုဖြစ်ချင်တဲ့ အချိန်၊ Smooth ပိုဖြစ်ချင်အောင် သွားတဲ့ အခါမှာ နောက်က နည်းပညာ ICT  ကဏ္ဍရဲ့ ပံ့ပိုးပေးမှုက ပိုပြီးတော့ လိုအပ်လာတာပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာ တကယ့်ဖြစ်ဖြစ်မြောက်မြောက်သွားနိုင်ပြီလားပေါ့။

ကျွန်တော်တို့ အဲဒါကို လေ့လာဖူးတယ်။ လေ့လာတဲ့ နေရာမှာ ကဏ္ဍ သုံးခု အကြီးဆုံးပေါ့နော်။ သေးသေးမွှားမွှားလေးတွေတော့ ရှိတာပေါ့။ ဒါပေမယ့် ကဏ္ဍ အကြီးဆုံး ၃ခု ရှိတယ်။ ပထမတစ်ခုက ပညာပေါ့။ Klowledge ပေါ့။ Klowledge ဆိုတဲ့ နေရာမှာ သူက လုပ်ငန်းတစ်ခုကို စတာက လွယ်တယ်။ ကောက်စလိုက်ယုံပဲ။ ဒါပေမယ့် နှစ်ရှည်လများ အောင်မြင်အောင် လုပ်တာက အများကြီး ပိုခက်တယ်။ Operational literacy လို့ခေါ်တယ်။ အဲတာကျတော့  Operation  လုပ်တဲ့ပိုင်းပေါ့နော်။

Operation လုပ်တယ်ဆိုရင် Customer တွေကို လိုက်ရှာတတ်တယ်။ သူတို့ကို သွားတွေ့တယ်။ Supplier  ဘယ်သူလဲ သူတို့ဆီက ဝယ်တတ်တယ်။ စသည့်ဖြင့်ပေါ့နော်။ ဒုတိယပိုင်းကျတော့ Financial literacy  လို့ခေါ်တယ်။ Financial literacy ကျတော့ သူကရောင်းတတ်တယ်။ ဝယ်တတ်တယ်။ ဒါပေမယ့် ရောင်းတယ် ဝယ်တယ်ဆိုတဲ့ နေရာမှာ မြတ်ရဲ့လား အမြတ်ကို တွက်တတ်လား။ အလားတူပဲ ငွေ Crush show  လို့ခေါ်တယ်။ စီးပွားရေးမှာ Crush show  ကို manage မလုပ်တတ်တဲ့ အတွက်ကြောင့်မို့လို့ လုပ်ငန်းတွေ ပျက်စီးသွားတာ အများကြီး ရှိတယ်။ အဲတာလုပ်တတ်လား စသည့်ဖြင့်ပေါ့။ ဒါတွေက Financial literacy လို့ ခေါ်တယ်။

 ပြီးသွားလို့ ရှိရင် ask to market ဒါ ဈေးကွက်ရှာတာပေါ့နော်။ ဈေးကွက်ရှာတဲ့ နေရာမှာလဲ အားနည်းတယ်။ ကိုခင်မင်ရာကိုပဲ သူကရောင်းနေလို့ မရဘူး။ ကိုယ့်မသွားဘူး မလုပ်ဘူးတဲ့ နေရာတွေကို သွားရဲရမယ် လုပ်ရဲရမယ်။ အဲတာကို ရှာတဲ့နေရာမှာ အားနည်းတယ်။ ဒီကဏ္ဍ သုံးခုက အဆင်ပြေလာမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ Entrepreneurship အများကြီး တိုးတက်မှု ရှိမယ်။

ဦးဝေဖြိုး ခုသုံးသပ်သွားတဲ့ ကဏ္ဍ သုံးခု ရှိတယ်။ ဒီကဏ္ဍ သုံးခုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အဓိက အားဖြင့်တော့ မိရိုးဖလာ လုပ်ငန်းတွေပေါ့နော်။ လူငယ် ဘဝကနေလဲ စချင်စမယ်။ ဒါမှမဟုတ်လဲ မိသားစု လုပ်ငန်းကို Transfer  လုပ်ပြီးတော့ ကိုယ့်လက်ထက်မှာ ပြန်ပြီး ထိန်းကျောင်းသွား လုပ်ငန်းမျိုးတွေမှာလဲ ဒီအရာတွေကို ကိုယ့်ရဲ့ အတွေ့ကြုံ အရပဲ ကျော်လွှားသွားနိုင်တဲ အခြေနေတွေကို တွေ့ရတယ် ခင်ဗျ။

ဆိုတော့ တကယ်တမ်း ဗျုဟာမြောက်တဲ့ Market  ပေါ့နော်။ Market economies အရ Acept Manage  တွေ ဖြစ်လာဖို့ ဆိုရင် နောက်ကနေပြီးတော့ ဒီအရာတွေကို Trading လုပ်ပေးတဲ့ အဖွဲ့စည်း မျိုး ဒါကို  Support  လုပ်ပေးမယ့် အဖွဲ့စည်း မျိုးပေါ့နော်။ ဥပမာ နည်းပညာ ဖလှယ်ပေးနိုင်မယ့်အဖွဲ့တွေ ဒါဝေးကွာနေသေးတယ်လို့ သုံးသပ်တယ် ခင်ဗျ။

ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိတယ်။ မိရိုးဖလာ မိသားစု စီးပွားရေးကို ဆက်လုပ်မယ်ဆိုလို့ ရှိရင် အရင်တုန်းက လုပ်ခဲ့တဲ့ ပုံစံအတိုင်း ဆက်လုပ်မယ် ဘာမှ မပြောင်းလဲဘူး။ ကိုယ့်အဖေလက်ထက်ကလဲ ဒီလိုပဲ။ ကိုယ့်အဖိုးလက်ထက်လဲ ဒီလိုပဲ ဘာမှ မပြောင်းဘူး ဆိုလို့ရှိရင် ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။

ကိုယ်ဟာ ခေတ်အခါနဲ့ မှုတည်ပြီးတော့ ပြောင်းကို ပြောင်းမှ ရမယ်။ ဒါပေမယ့် ပြောင်းတဲ့ အခါမှာလဲ ပံ့ပိုးကူညီမှုတွေက အများကြီးလိုတယ်။ နံပါတ်တစ်လိုတာ ကျောင်းပါ။ ကျောင်းတွေကို အထက်တန်းကျောင်းဆိုလဲ ဟုတ်တယ်။ တက္ကသိုလ်ဆိုလဲ ဟုတ်တယ်။ ကောလိပ်ဆိုလဲ ဟုတ်တယ်။ အကုန်လုံးက သေချာ တတ်ကျွမ်းအောင် သင်ပေးရမယ်။ ပထမဦးဆုံး သိပ်အရေးကြီးတယ်။

ဒုတိယ တစ်ချက်က ကျွန်တော်တို့လို အသင်းဖွဲ့တွေ ကျွန်တော်တို့လို အသင်းဖွဲ့တွေကလည်း ဒီလူတွေရဲ့ Human capacity ပေါ့နော်။ Human resource  လို့ပြောကြတယ်။ အမှန်တကယ်က Human capacity ကို တိုးတက်အောင်လို့ ကျွန်တော်တို့ သင်ပေးရမယ်။

ဟုတ်ကဲ့ ခင်ဗျ။ ပြန့်ကျဲနေတဲ့ စိတ်ကူးတွေ  ရှိကြတယ်။ ပြန့်ကျဲနေတဲ့ စီးပွားရေးလုပ်ငန်း တည်ထောင်ချင်တဲ့ သူလဲ ရှိကြတယ်။ ဆိုတော့ ဒါတွေကို တစ်စုတစ်စည်းတည်း လုပ်ဖို့ ဆိုရင် ခုနက အစ်ကိုတို့ တည်ထောင်ထားတဲ့ အစ်ကို ဥက္ကဋ္ဌ ဖြစ် တာဝန်ယူထားတဲ့ မြန်မာ့လူငယ် စွန့်ဦး တီထွင်သူများ လုပ်ငန်းရှင် အသင်းတို့က လိုအပ်တာပေါ့နော်။ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အစိုးရရဲ့ အားပေးမှုပေါ့နော်။ သင်တန်းကျောင်း ထောင်ပေးတာတို့ ဒီလုပ်ငန်းတွေမှာ တကယ် ငွေကြေးလိုအပ်လာပြီဆိုရင် ထောက်ပံ့ပေးတာတို့ ဆိုတဲ့ ပြုမှု မှန်တာလေးတွေ လိုအပ်လာတာတွေ ရှိတယ် ခင်ဗျ။ ဆိုတော့ ချိတ်ဆက်ပေးမှု အပိုင်းမှာတော့ ကျွန်တော်တို့ လာမယ့် ခေတ်သစ် စီးပွားရေး ဘက်ကို ဘယ်လောက်ထိ သာအောင် ချိတ်ဆက်ပေးသွား သင့်လဲ ခင်ဗျ။

ခုနက ပြောတဲ့ သုံးပွင့်မှာ ကျောင်းတွေက ပညာပေးရမယ်။ ကျွန်တော်တို့လို အဖွဲ့အစည်းတွေက ချိတ်ဆက်တွေ ပေးရမယ်။ နိုင်ငံတော် အစိုးရက မူဝါဒ ချပေးရမယ်။ အဲဒီသုံးခုလုံး အဆင်ပြေတော့မှ လုပ်တဲ့ သူကလဲ လုပ်ချင်တဲ့ သူကလဲ လုပ်နိုင်တဲ့ အခင်းကျင်း ရှိတယ်။ လုပ်နိုင်တဲ့ အခင်းကျင်း ရှိတဲ့ အတွက်ကြောင့်မို့လို့ သူက အောင်မြင်မှုဟာ အတိုင်းအတာ တစ်ခုအထိ သူ့ဘက်က လမ်းစမြင်တာပေါ့နော်။ အရမ်းကြီး လုပ်တော့မှ Rest  တွေတအားယူတော့မှ ဖြစ်နိုင်ချေ ရှိတာ မဟုတ်တော့ဘဲနဲ့ သူ့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် Foundation တစ်ခုရှိတယ်ပေါ့နော်။ အဲလိုဟာမျိုး ဖြစ်အောင်လုပ်ဖို့တော့ လိုလိမ့်မယ်။ အဲဒီတော့ လူငယ်တွေဟာ စီးပွားရေး လုပ်တတ်အောင်လို့ သင်ပေးခြင်းဟာ ရေရှည်မှာ နိုင်ငံတစ်ခု တည်တံ့ခိုင်မြဲရေးအတွက် အများကြီး Impact  ရှိတယ်။

Mizzima Weekly