Oh MY Girl အဖွဲ့ကို လိင်လုပ်သားများဟု ထင်မှတ်ကာ လော့စ်အိန်ဂျလိစ်မြို့တွင် ထိန်းသိမ်းခံရ

Oh MY Girl အဖွဲ့ကို လိင်လုပ်သားများဟု ထင်မှတ်ကာ လော့စ်အိန်ဂျလိစ်မြို့တွင် ထိန်းသိမ်းခံရ

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၃ ။             ။ တောင်ကိုရီးယား ကေပေါ့အဖွဲ့ဝင် Oh My Girl အဖွဲ့ကို အမေရိကန်ပြည်ထောင်စု လော့စ်အိန် ဂျလိစ်မြို့ရှိ တာဝန်ရှိသူများက လိင်လုပ်သားများဟု ထင်မှတ်ခဲ့မှုကြောင့် အကောင်ခွန်ဌာနတွင် ၁၅ နာရီကြာ ထိန်းသိမ်းခဲ့ပြီးနောက် Oh My Girl အဖွဲ့ကို တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ သည်။

Oh My Girl အဖွဲ့သည် အမေရိကန်ပြည်ထောင်စုသို့ တေးသီချင်းအယ်လ်ဘမ် မျက်နှာဖုံးအ တွက် ဓာတ်ပုံရိုက်ကူးရန် သွားရောက်ခဲ့သော်လည်း ယခုကဲ့သို့ ထိန်းသိမ်းခံရခြင်း ဖြစ်သည်။ အာဏာ ပိုင်များက အဖွဲ့ဝင်များ ဝတ်ဆင်ထားသော အဝတ်အစားများကြောင့် လိင်လုပ်သားများဟု ထင်မှတ်ခဲ့ ခြင်းကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း Oh My Girl အဖွဲ့၏ အသံသွင်းကုမ္ပဏီ WM Entertainment က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

“အာဏာပိုင်တွေက အဖွဲ့ဝင်တွေကို လိင်လုပ်သားဟု မှားယွင်းထင်မှတ်ခဲ့ပုံ ရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြားသည်။

Oh My Girl အဖွဲ့ကို လော့စ်အိန်ဂျလိစ်မြို့ နိုင်ငံတကာလေဆိပ်မှ တာဝန်ရှိသူများက လွတ်ပေးခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ အဖွဲ့ဝင် များကို ထိန်းသိမ်းမှုသည် ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ နှင့်စပ်လျဉ်း၍ အဖြေရှာရန် အမေရိကန် ပြည်ထောင်စုကို ဥပဒေဆိုင်ရာ အကြံပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း WM Entertainment က ပြောကြားသည်။ အဖွဲ့ဝင်များ အားလုံးသည် အသက် ၁၆ နှစ်မှ ၂၁ နှစ်ကြား ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly