တေးသီချင်း အယ်လ်ဘမ်အမည် “ Swiftmas”ကို မူပိုင်အမှတ်တံဆိပ် ရရှိရေး ကြိုးပမ်းနေတဲ့ တေလာဆွဇ်

တေးသီချင်း အယ်လ်ဘမ်အမည် “ Swiftmas”ကို မူပိုင်အမှတ်တံဆိပ် ရရှိရေး ကြိုးပမ်းနေတဲ့ တေလာဆွဇ်

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၁၃ ။             ။ ပေါ့ကြယ်ပွင့် တေလာဆွဇ်သည် အမေရိကန်ပြည်ထောင်စုတွင် ၎င်း၏ တေးသီချင်း အယ်လ် ဘမ်အမည်များဖြစ်သော “Swiftmas”  နှင့် “1989” တို့ကို မူပိုင်အမှတ်တံဆိပ် ရရှိရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်သည်။

အဆိုပါ ကြိုးပမ်းချက်သည် ကုန်ပစ္စည်းများတွင် ၎င်းနှင့် ဆက်စပ်သော စကားများကို အသုံးပြုခြင်းမှ ဟန့်တားရန် အသက် ၂၅ နှစ်အရွယ်ရှိ တေလာဆွဇ်၏ နောက်ဆုံး  ကြိုးပမ်းချက် ဖြစ်သည်။ ယခုနှစ်အစောပိုင်းက တေလာသည် “this sick beat” ကဲ့သို့သော ၎င်း၏ သီချင်းစာ သားများကို မူပိုင်အမှတ်တံဆိပ် ရရှိရေးအတွက် တောင်းခံခဲ့ဖူးသည်။

တေလာသည် ဒီဇင်ဘာ ၃ ရက်က မူပိုင်အမှတ်တံဆိပ် မေတ္တာရပ်ခံချက်ကို  အမေရိကန် မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံးကို တင်သွင်းခဲ့သည်။ မကြာသေးမီက မူပိုင်အမှတ်တံဆိပ် ရရှိရေး ကြိုးပမ်းချက်တွင် ခေါင်းစဉ်တေးသီချင်း “Blank Space” နှင့် တေးသီချင်းစာသား “ And I’ll write your name” တို့ကို မူပိုင်အမှတ်တံဆိပ် လျှောက်ထားမှုတွင် ထည့်သွင်းခဲ့သည်။

တေလာသည် ပုံနှိပ်ထုတ်ဝေခြင်းမရှိသေးသော စာအုပ် ခေါင်းစဉ် “ A girl named girl” စာသားကို မူပိုင်ခွင့် အမှတ်တံဆိပ် လျှောက်ထားလိုသည်။ တေလာသည် ၎င်း၏နာမည်၊ လက်မှတ် နှင့် အမည်၏ အစအက္ခရာတို့ကို မူပိုင်အမှတ်တံဆိပ်အဖြစ် ရရှိထားသည်။

မူပိုင်အမှတ်တံဆိပ် တောင်းခံမှုကို ခွင့်ပြုပေးခဲ့ပါက အဝတ်အစား၊ စတစ်ကာများ၊ အိတ်များ နှင့် အခြားသော ကုန်ပစ္စည်းများတွင် ယင်းစကားစုများ အသုံးပြုခြင်းကို ဟန့်တားနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly