အလှဆုံးပွဲ (လက်စတာ - ချယ်လ်ဆီး)

အလှဆုံးပွဲ (လက်စတာ - ချယ်လ်ဆီး)

 ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၆) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လက်စတာ-ချယ်လ်ဆီးပွဲကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

 လက်စတာ - ချယ်လ်ဆီး

 ၁၅.၁၂.၁၅ (အင်္ဂါ)

 နံနက် ၂း၃၀

 နောက်ဆုံး ၃ကြိမ်ထိပ်တိုက်တွေ့ဆုံမှု

၃၀.၄.၁၅ (ပရီးမီးယားလိဂ်) လက်စတာ ၁ - ၃ ချယ်လ်ဆီး

 ၂၃.၈.၁၄ (ပရီးမီးယားလိဂ်) ချယ်လ်ဆီး ၂ - ၀ လက်စတာ

 ၁၈.၃.၁၂ (အက်ဖ်အေဖလား) ချယ်လ်ဆီး ၅ - ၂ လက်စတာ

လက်စတာ

လက်စတာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အတိုးတက်ဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းပါ။ မယုံနိုင်ဖွယ်ရာခြေစွမ်းနဲ့ရလဒ်တွေဖန်တီးထားနိုင်တယ်။ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပွဲစဉ်(၁၅) အပြီးမှာ အာဆင်နယ်တစ်သင်းတည်းကိုပဲ ရှုံးထားတယ်။ နည်းပြ ရာနီရေးရီဟာ လူသိများပေမယ့် ထိပ်တန်းနည်းပြတစ်ဦးမဟုတ်သလို ကစားသမားတွေကလည်း ကွာလတီကစားသမား မပါဘူး။ အသင်းလိုက် စုစည်းမှုကြောင့် အကောင်းဆုံးဖြစ်နေတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၃၂ ဂိုးအထိရထားပြီး ဂိုးသွင်းအများဆုံးအသင်းဖြစ်နေတယ်။ အားနည်းချက်ကတော့ ခံစစ်ဖြစ်နေပြီး ပေးဂိုး ၂၁ဂိုးအထိရှိထားတယ်။ ခံစစ်ကပေးဂိုးနှုန်းကို ကြည့်ရင်တော့ အသင်းကြီးတစ်သင်း ခြေစွမ်းမျိုးမရှိသေးဘူး။ ရှေ့က တိုက်စစ်အားကောင်း လွန်းလို့သာ ရလဒ်တွေကောင်းနေတယ်လို့ပြောနိုင်တယ်။

ချယ်လ်ဆီး

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချယ်လ်ဆီးကတော့ လက်ရှိအချိန်မှာ လက်စတာနဲ့ပြောင်းပြန်ဖြစ်နေပြီး ဆိုးတဲ့ဘက်ကနေ နာမည်ကြီးနေတယ်။ အသင်းက မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့အသင်းကိုပဲ အထိုင်ချထားတာ ဖြစ်ပြီး ဒီနှစ်မှာ ဆိုးဆိုးရွားရွားပုံစံပျက်နေတာ အံသြစရာပါ။ မော်ရင်ဟိုက အသင်းမှာ မရှိစေချင်လို့ ကစားသမားတွေလုပ်နေသလားလို့တောင် သံသယပွားစရာတွေဖြစ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယးလိဂ် ၆ပွဲမှာ ၁ပွဲပဲ အနိုင်ရတယ်။ ဒါတောင် နော့ဝှစ်ချ်ကို အသည်းအသန်ကစားပြီး နိုင်ခဲ့တာ။

တိုက်စစ်က သွင်းဂိုး ၁၇ဂိုးပဲရှိပြီး ခံစစ်က ၂၄ ဂိုးပေးထားရတယ်။ ခံစစ်၊ တိုက်စစ်နှစ်မျိုးစလုံး ကျနေတယ်။ မနှစ်က ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရထားတဲ့ ဟာဇက်ဆို အခုထိ ဂိုးမရသေးဘူး။ ဒီအချက်တွေကို ကြည့်ရင် ချယ်လ်ဆီးဟာ စိတ်ဓာတ်ပိုင်းအရ အတော်လေးကျဆင်းနေပုံပေါက်နေတယ်။ မော်ရင်ဟို ဆက်ရှိဖို့မရှိဖို့ ဆိုတာကို ချယ်လ်ဆီးကစားသမားတွေမကြာခင်အဆုံးအဖြတ်ပေးရတော့မယ်။

သုံးသပ်ချက်

 ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ပရီးမီးယားလိဂ်ပြိုင်ပွဲတုန်းက လက်စတာကွင်းမှာ ချယ်လ်ဆီးက ၃-၁ နဲ့နိုင်တယ်။ ချယ်လ်ဆီးကွင်းမှာ ချယ်လ်ဆီးက ၂-၀ နဲ့နိုင်တယ်။ ၂၀၁၁-၁၂ ရာသီတုန်းက အက်ဖ်အေဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီးက ၅-၂ဂိုးနဲ့နိုင်ထားတယ်။ နောက်ပိုင်းနှစ်တွေမှာ လက်စတာနဲ့တွေ့တိုင်း ချယ်လ်ဆီးက အသာရထားတယ်။ လက်စတာကွင်းနောက်ဆုံး ၃ကြိမ်စလုံးမှာလည်း ချယ်လ်ဆီးကပဲ အနိုင်ရထားတယ်။

 ဒီပွဲမှာ အဓိကဇာတ်ဆောင်ကတော့ ချယ်လ်ဆီးပဲ။ လက်စတာဆိုတာ အသင်းကြီးမဟုတ်ဘူး။ ကွာလတီပလေယာတွေ မပါဘူး။ အချိန်ရင် ကျမှာပဲ။ သူကျမယ့်အချိန်ကို အဆုံးအဖြတ်ပေးရမယ့် ကြမ္မာက ချယ်လ်ဆီးလက်ထဲမှာ ရှိနေတယ်။ နောက်တစ်ချက်က မော်ရင်ဟိုဆက်ရှိစေမလား၊ မရှိစေဘူးလားဆိုတာ ချယ်လ်ဆီးကစားသမားတွေ လက်ထဲမှာ ရှိနေတယ်။ ဒါကြောင့် ကြမ္မာနှစ်ခုစလုံးကို ဖန်တီးနိုင်မယ့် ချယ်လ်ဆီးကို ရွေးရမယ်။ နှစ်သင်းစလုံး အိတ်ပေါက်နေတာကြောင့် အပြန်အလှန်ဂိုးသွင်းပြီး ချယ်လ်ဆီး ၂-၁ နဲ့နိုင်မယ်။

အလှဆုံးပွဲရွေးချယ်မှု - ချက်လ်ဆီး
 

ခန့်မှန်းသွင်းဂိုး - လက်စတာ ၁ - ၂ ချယ်လ်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly