ကဗျာဆရာကြီး အောင်ချိမ့် ကွယ်လွန်

ကဗျာဆရာကြီး အောင်ချိမ့် ကွယ်လွန်

ဩဂုတ် ၉

ကဗျာဆရာကြီး အောင်ချိမ့်သည်  ရန်ကုန်မြို့နေအိမ်တွင် လူကြီးရောဂါဖြင့်  ယနေ့ ဩဂုတ်လ ၉ ရက်  ည ၈ နာရီ  ၁၂ မိနစ်အချိန်တွင် ကွယ်လွန်ကြောင်း သိရသည်။

"ချိမ့်မွေးနေ့မှာ ပါးဆုံးသွားပါပြီ" လို့ သူ၏ သမီးဖြစ်သူက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ကဗျာဆရာကြီး အောင်ချိမ့်၏ နာမည်အရင်းမှာ ကျော်သန်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် ၇၃ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်မြို့ ကျောက်မြောင်း၌ မွေးဖွားခဲ့သူ ဖြစ်သည်။

" ဇူလိုင်လ ၁၂ ရက်က ဆေးရုံတက်ပြီး ၁၅ ရက်နေ့မှာ ဆင်းတယ် ၊ အဲ့နောက်ပိုင်း အစာမဝင်တော့ အားပျက်ပြီး စိတ်ကလည်း ကျနေတယ်၊ လူကြီးရောဂါနဲ့ ဆရာချိမ့် ဆုံးတာ။ ဆရာချိမ့် ဆုံးတာကတော့ ကဗျာလောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါဘဲ ၊ မနက်တော့ သူ့အိမ်မှာ အတူသွားစုကြမှာပေါ့၊ ကဗျာတွေလည်းကောင်းတယ်၊ လူကလည်း ချစ်ဖို့ကောင်းပါတယ်" ဟု ကဗျာဆရာသမဂ္ဂအသင်း ဥက္ကဌ ဦးမိုးကျော်သူကပြောသည်။

ဆရာကြီး အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေးတို့ သုံးဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်ပြီး ဂန္တဝင် မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်နှင့် အသည်းစွဲ ကဗျာဆရာ တို့သည် ဆရာကြီးအောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly