ယာဉ်တိုက်မှှုနှင့် ပတ်သတ်၍ ဘောလိဝုသရုပ်ဆောင် ဆယ်(လ်)မန်ခန်းအား မွမ်ဘိုင်း တရားရုံးချုပ်က တရားသေ လွှတ်ပေးလိုက်

ယာဉ်တိုက်မှှုနှင့် ပတ်သတ်၍ ဘောလိဝုသရုပ်ဆောင် ဆယ်(လ်)မန်ခန်းအား မွမ်ဘိုင်း တရားရုံးချုပ်က တရားသေ လွှတ်ပေးလိုက်

၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ဖြစ်ပွါးခဲ့သော ယာဉ်တိုက်မှှုနှင့် ပတ်သတ်၍ နာမည် ကျော် ဘောလိဝုသရုပ်ဆောင် ဆယ်(လ်)မန်ခန်းအား တရားသေလွှတ်ပေးလိုက်ကြောင်း မွမ်ဘိုင်းရှိ တရားရုံးချုပ်က ဒီဇင်ဘာ ၁၀ ရက်နေ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

၂၀၀၂ ခုနှစ်က ယာဉ်တိုက်မှှုကြောင့် အိုးမဲ့အိမ်မဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ရသည်။ ယခုနှစ် မေလကမူ ထိုအမှှုနှင့် ပတ်သတ်၍ ဆယ်(လ်)မန်ခန်းတွင် အပြစ်ရှိကြောင်း အိန္ဒိယ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ကာ မင်းသားအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်အား ဆယ်(လ်)မန်ခန်းက အယူခံဝင်ခဲ့ရာ ယခုအခါတွင် မွမ်ဘိုင်းတရားရုံးချုပ် က၊ ဆယ်(လ်)မန်ခန်းတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ဆယ်(လ်) မန်ခန်းသည် အိမ်ရာမဲ့ ၅ ဦးအား ကားဖြင့်ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ထဲမှ တစ်ဦး သေဆုံးသွားခဲ့သည်။ လူသေစေမှှုဖြင့် ရုပ်ရှင်ကြယ်ပွင့် ဆယ်(လ်)မန်ခန်း စွဲချက်အ တင်ခံခဲ့ရခြင်း ဖြစ်သည်။

နာမည်ကျော် Bodyguard နှင့် Dabangg ရုပ်ရှင်များ၏ ဇာတ်လိုက်ဖြစ်သူ ခန်းသည် ၂၀၀၂ ခုနှစ်အတွင်းက ညတစ်ညတွင် အိန္ဒိယနိုင်ငံ၏ ဖျော်ဖြေရေးမြို့တော် မွမ်ဘိုင်းရှိ အဆင့်မြင့်ဘားတစ်ခု၌ ရမ်(မ်)နှင့် ကော့တေးများသောက်ပြီး ပြန်လာစဉ်တွင် သူ၏ကားဖြင့် အိုးမဲ့အိမ်မဲ့များအား ဝင်တိုက်မိခဲ့ ခြင်းဖြစ်ကြောင်း သိရပြီး သူသည် ထိုနေရာမှနေ၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုကြသည်။

သို့ရာတွင် ဆယ်(လ်)မန်ခန်းကမူ ကားမောင်းသူမှာ သူ၏ ဒရိုင်ဗာဖြစ်ကြောင်း ဆိုခဲ့သည်။ ထိုအမှှုမှာ နှောင့်နှေးကြန့်ကြာနေခဲ့ကာ နှစ်ပေါင်းများစွာ စစ်ဆေးကြားနာခဲ့ရသော အမှှုဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်နေ့က မွမ်ဘိုင်း တရားရုံးချုပ်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာတွင်၊ ဆယ်(လ်) မန်ခန်းတွင် အပြစ်ရှိကြောင်း ပြနိုင်မည့် ခိုင်လုံသော သက်သေအထောက်အထား အလုံအလောက် မရှိကြောင်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly