“Carol” ဇာတ်ကား ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင် ဦးဆောင်နေ

“Carol” ဇာတ်ကား ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင် ဦးဆောင်နေ

လိင်တူစိတ်ဝင်စားသော မိန်းမ အချစ်ဇာတ်လမ်းအကြောင်း ပုံဖော်ရိုက်ကူးထားသော “Carol” ဇာတ်ကားသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင် ဆုငါးဆုဖြင့် ဦးဆောင်လျက်ရှိကြောင်း ဒီဇင် ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

“Carol” ဇာတ်ကားသည် အကောင်းဆုံး ဒရမ်မာရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင်တေးသွားဆု၊ ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသမီး ကိတ်ဘန်ချက်နှင့် ရိုနေးမာရာတို့သည် အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုတို့ အပါအဝင် ဆုငါးဆုအတွက် ရွေးချယ်ခံထားရသည်။

The Revenant ၊ The Big Short  နှင့် Steve Jobs ဇာတ်ကားတို့သည် ဆုလေးဆုအတွက် ရွေးချယ်ခံထားရသည်။ “Carol” ဇာတ်ကားသည် ၁၉၅၀ ပြည့်လွန်နှစ်က လက်ထပ်ပြီးသား အမျိုးသ မီးတစ်ယောက်က အရောင်းစာရေး မိန်းကလေးငယ်ကို ချစ်ကြိုက်သည့်အကြောင်းကို ပုံဖော်ရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်သည်။

“Carol” ဇာတ်ကားသည် “The Revenant” ဇာတ်ကား၊ စိတ်ပညာဆိုင်ရာ သည်းထိတ်ရင်ဖို ဇာတ်ကား “Room” ၊ “Spotlight” ဇာတ်ကားနှင့် သည်းထိတ်ရင်ဖို ဇာတ်ကား “Mad Max: Fury Road” ဇာတ်ကားတို့ကို ကျော်လွန်ကာ အကောင်းဆုံးဒရမ်မာ ဇာတ်ကားဆုအတွက် ရွေးချယ်ခံထား ရသည်။

“The Big Short” ဇာတ်ကားသည်  အကောင်းဆုံး ဟာသဇာတ်ကားဆု၊  ဇာတ်ညွှန်းဆုနှင့် ယင်းဇာတ်ကားတွင် ပါဝင်သော မင်းသား ခရစ္စတင်ဘေးလ်နှင့် စတီဗ်ကာရေးလ်တို့သည် အကောင်း ဆုံး သရုပ်ဆောင်ဆု စုစုပေါင်း ဆုလေးဆုအတွက် ရွေးချယ်ခံထားရသည်။

ရွှေကမ္ဘာလုံးဆု ရရှိသူများကို ဇန်နဝါရီ ၁၀ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်မည့် ရုပ်မြင်သံကြား အခမ်းအနားတွင် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် ရစ်ကီဂါဗစ်က အစီစဉ်မှူးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags