စာချုပ် ချိုးဖောက်မှုအတွက် မင်းသား ပက်ခ်ဆီဟို ဒဏ်ငွေ ကန်ဒေါ်လာ ၁၇၀,၀၀၀ ပေးဆောင်ရန် တရားရုံး အမိန့်ထုတ်

စာချုပ် ချိုးဖောက်မှုအတွက် မင်းသား ပက်ခ်ဆီဟို ဒဏ်ငွေ ကန်ဒေါ်လာ ၁၇၀,၀၀၀ ပေးဆောင်ရန် တရားရုံး အမိန့်ထုတ်

တောင်ကိုရီးယား မင်းသား ပက်ခ်ဆီဟိုသည် စာချုပ် ချိုးဖောက်မှုအတွက် ဝမ်ငွေ သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၁၇၀,၀၀၀) ပေးဆောင်ရန် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း မီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပက်ခ်နှင့် ၎င်း၏ အေဂျင်စီ Didim 531 တို့သည် ဓာတ်ပုံနှင့် တေးဂီတဗီဒီယို ရိုက်ကူးရန်အ တွက် ၂၀၁၂ ခုနှစ်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနှင့် စာချုပ် ချုပ်ဆိုခဲ့သော်လည်း  စာချုပ်ပါအချက်များ အတိုင် လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တရားရုံးက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ တရာခံများသည်  နစ်နာဆုံးရှုံးများအတွက် နစ်နာကြေးများ ပေးဆောင်သင့်ကြောင်း တရားသူကြီး ကဒီဇင်ဘာ ၁၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

“ပက်ခ်နဲ့ အေဂျင်စီတို့ဟာ ၂၀၁၂ ခုနှစ်က တေးဂီတဗီဒီယိုနဲ့ ဓာတ်ပုံတွေ ရိုက်ဖို့အတွက်  ချုပ်ဆို ခဲ့သော စာချုပ်ကို လိုက်နာခဲ့ခြင်း မရှိဘူး။ ပက်ခ်ဟာ အဓမ္မပြုကျင့်မှု စွဲချက်ကြောင့် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် တရားလိုဘက်က လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး”ဟု တရားရုံးက ပြောကြားသည်။

အသက် ၃၇ နှစ် ပက်ခ်သည် ၂၀၁၂ ခုနှစ်က “Cheongdam- dong Alice” ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သော် လည်း အဓမ္မပြုကျင့်မှု စွဲချက်များကြောင့် ၎င်း၏ အနုပညာလုပ်ငန်များတွင် ခက်ထန်ကြမ်းတမ်းမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly