ဘက်ကာအတွက်ပေါင် ၂၁ ဒသမ ၅ သန်းပေးနိုင်ရမည်ဟု လီဗာပူးလ်ကို ဆီဗီလာသတိပေး

ဘက်ကာအတွက်ပေါင် ၂၁ ဒသမ ၅ သန်းပေးနိုင်ရမည်ဟု လီဗာပူးလ်ကို ဆီဗီလာသတိပေး

ဇွန် ၂၂၊ ဆီဗီးလ် ။       ။ တိုက်စစ်မှူးဘက်ကာကိုခေါ်ယူချင်ပါက စာချုပ်ပါလျော်ကြေး ပေါင် ၂၁ ဒသမ ၅ သန်းပေးနိုင်ရမည်ဟု လီဗာပူးလ်အသင်းကို ဆီဗီလာအသင်း က သတိပေးပြောဆိုလိုက်သည်။

ပေါင် ၃၂ ဒသမ ၅ သန်းတောင်းဆိုထားသည့် တိုက်စစ်မှူးဘန်တီကီကိုရောင်းချရန် အက်စတွန်ဗီလာအသင်းက ငြင်းဆန်လိုက် ပြီးနောက် ဆီဗီလာတိုက်စစ်မှူး ဘက်ကာသည် လီဗာပူးလ်အသင်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်လာခဲ့သည်။

ကိုလံဘီယာအသင်းနှင့်အတူ နိုင်ငံလက်ရွေးစင်ပြိုင်ပွဲကစားရန် ချီလီနိုင်ငံသို့ရောက်ရှိနေသော တောင်အမေရိကတိုက်စစ်မှူး ကားလို့စ်ဘက် ကာသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၂၈ ဂိုးသွင်းယူနိုင်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိယင်းတိုက်စစ်မှူးကို စိတ်ဝင်စားသည့်အသင်းတိုင်း များပြားသည့်ပြောင်းရွှေ့ကြေးပေးရလိမ့်မည်ဟု ဆီဗီလာအသင်း အားကစားဒါရိုက်တာ မွန်ချီက ပြောသည်။

"ဘက်ကာကိုလိုချင်တဲ့သူတွေဟာ သူ့ရဲ့စာချုပ်လျော်ကြေးကို ပေးရလိမ့်မယ်။ ဘက်ကာက အသင်းမှာပဲနေချင်တယ်လို့ ကျွန်တော်တို့ကိုပြော ထားပြီး တခြားဟာတွေဖြစ်လာဖို့တော့ မမြင်ဘူး။ တကယ်လို့အသင်း တစ်သင်းက ပေးဖို့ဆန္ဒရှိ လာတယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပါဘူး။ ကစားသမားနဲ့အသင်းရဲ့ ဆန္ဒထပ်တူကျနေလို့ ဘက်ကာအနေနဲ့ ဆီဗီလာမှာပဲ ဆက်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်။ သူ့ကိုရောင်းဖို့ စိတ်မဝင်စားပါဘူး"ဟု မွန်ချီကဆိုသည်။

လီဗာပူးလ်အသင်းသည် ဘက်ကာကိုခေါ်ယူရန် မလွယ်ကူပါက ဂျူဗင်တပ်တိုက်စစ်မှူး လိုရန်တီဘက်လှည့်လာဖွယ်ရှိနေသည်။ လိုရန်တီ သည် အသင်းသို့တိုက်စစ်မှူးအသစ် မန်ဇူကစ်ရောက်လာသဖြင့် လာမည့်ရာသီတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်ရဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly