ဒရမ်တီးသမားများမှာ အခြားလူများထက် ဉာဏ်ပိုကောင်းဟု သုတေသနတစ်ရပ်က ဆို

ဒရမ်တီးသမားများမှာ အခြားလူများထက် ဉာဏ်ပိုကောင်းဟု သုတေသနတစ်ရပ်က ဆို

စတော့ဟုမ်း၊ ဒီဇင်ဘာ-၁၁ ။                ။ သမရိုးကျ ရုပ်ရှင်ကားတစ်ကားလိုပါပဲ။ ရော့တီးဝိုင်းတစ်ဝိုင်းမှာ အဆိုတော် (ဒါမှမဟုတ်) လိဂ်ဂစ်တာသမားကို ခေါင်းဆောင်လို့ တင်ကူးပြဌာန်းထားတတ် ကြပါတယ်။

ကီးဘုတ်သမားက စမတ်ကျသူ၊ ဘေ့စ်သမားက လူဆိုးလေး။ ဒရမ်တီးသမားကတော့ ခပ်တုံးတုံး အယုံလွယ်သူပေါ့။ ဒါပေမယ့်လည်း ဒရမ်သမားက သူ့ပါရမီကို ထုတ်ပြနေလို့ လူတိုင်းက   ခေါင်းနှစ်လုံးများ ပါနေရော့သလားလို့ စိုက်ငေးကြရတဲ့ တစ်ခါနှစ်ခါဆိုတာလည်း ရှိတာပါပဲ။

ဒါပမေယ့်လည်း သိပ္ပံပညာအရတော့ ဒမရမ်သမားမှာ ပါရမီအထူးရှိနေတယ်ဆိုတာ အမှန်တရားနဲ့ သိပ်မဝေးလှပါဘူး။

စတော့ဟုမ်း ကာရိုလင်စကာ အင်စတီကျုက ပြုလုပ်တဲ့ သုတေသနတစ်ရပ်မှာ သုတေသီတွေက ဝါသနာရှင်တွေကို ဒရမ်ရိုက်တုတ်ရဲ့ စည်းချက်အတိုင်း ဉာဏ်ရည်စစ် မေးခွန်း ၆၀ မေးပြီး စမ်းသပ်ခဲ့ရာမှာ အကောင်းဆုံး စည်းချက်အာရုံရှိသူတွေက အမှတ်ပိုကောင်းတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လူတစ်ယောက်က ပုံမှန်ရိုက်ချက်ကို ထိန်းထားတဲ့အခါမှာ တွေ့ရှိရတဲ့ ဦးနှောက်လှုပ်ရှားမှုထဲက စည်းချက်ဆန်တဲ့ တိကျမှုဟာ ဉာဏ်ရည်နဲ့ တိုင်းတာတဲ့ ပြဿနာဖြေရှင်းစွမ်းရည်အတွက်လည်း အရေးကြီးပါတယ်ဟု ပါမောက္ခ ဖရက်ဒရစ် အူလင်က ပြောကြားခဲ့သည်။

သို့ရာတွင် ထိုဉာဏ်ရည်မှာ တကယ်ဒရမ်တီးခြင်းထက် စည်းချက်နှင့်သာ ပိုမိုသက်ဆိုင်ပါသည်။ အခြားသုတေသနများအရလည်း ကောင်းမွန်သော စည်းချက်အာရုံရှိမှုမှာ သိမှုလုပ်ဆောင်ချက်များကို တိုးတက်လာစေသည်ဟု ဆိုပါသည်။

အောက်စဖို့တက္ကသိုလ် သုတေသနတစ်ရပ်၏ တွေ့ရှိမှုအရ ဒရမ်တီးသမားများကဲ့သို့သော ဂီတပညာရှင်အများစုမှာ တီးခတ်နေစဉ်တွင် အင်ဒိုဖင်းဓာတ်များကို ထုတ်ပေးပြီး သဘာဝအလျောက် မြင့်မားလာစေကာ၊ ထိုအင်ဒိုဖင်း၏ တန်ခိုးကြောင့် ပျော်ရွှင်တက်ကြွလာကာ နာကျင်မှုဒဏ်ကိုလည်း အထူးခံနိုင်လာစေသည်ဟု ဆိုပါသည်။

ထို့အပြင် ဟားဗတ်သုတေသီများ၏ တွေ့ရှိချက်အရလည်း ဒရမ်တီးသမားများတွင် လူ့ဦးနှောက်လှိုင်းများ၊ အိပ်ပျော်နေစဉ် နှလုံးခုန်နှုန်းနှင့် ကြောင်၏ အကြားအာရုံကြောများတွင် တွေ့ရှိရသည့် စည်းချက်ကို တုပထားသော ခြားနားသည့် ဇီဝကမ္မနာရီရှိကြသည်ဟု ဆိုပါသည်။

ထို့ကြောင့် ဒရမ်တီးသမားများမှာ အချစ်စိတ်ပြင်းပျသည့် ရည်စားများ ဖြစ်ကြရုံသာမက စမတ်ကျ ပျော်ရွှင်ပြီး သူတို့ခန္ဓာကိုယ်စည်းချက်အတိုင်း လှုပ်ရှားနေသူများဟု ဆိုပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly