မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားကြောင်း ပြောဆိုချက်ကို အမေရိကန် ပယ်ချ

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားကြောင်း ပြောဆိုချက်ကို အမေရိကန် ပယ်ချ

လန်ဒန်၊ ဒီဇင်ဘာ - ၁၁ ။          ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံအန်က ၎င်း၏နိုင်ငံမှာ ဟိုဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီဟူသော ပြောဆိုချက်ကို အိမ်ဖြူတော်က ပယ်ချခဲ့သည်။

နိုင်ငံမှာ ကိုယ့်အားကိုယ်ကိုး အဏုမြူဗုံး (A-bomb)နှင့် ဟိုက်ဒရိုဂျင်ဗုံး (H-bomb)ကို ဖောက်ခွဲရန် အသင့်ဖြစ်နေပြီဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNAက ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ဤသတင်းသာ မှန်ကန်ခဲ့ပါက ယခုတီထွင်ဖွံ့ဖြိုးမှုမှာ မြောက်ကိုရီးယား၏ နျူကလီးယား စွမ်းဆောင်ရည်တွင် သိသိသာသာ အဆင့်မြင့်လာခြင်းပင် ဖြစ်သည်။

သို့ရာတွင် အိမ်ဖြူတော်ပြောခွင့်ရပုဂိုလ် ဂျို့ရှ် အားနက်စ်ကမူ ပြုံယမ်း၏ ပြောဆိုချက်ကို သံသယရှိစရာ အထောက်အထားများ ဝါရှင်တန်တွင် ရှိနေကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်လိုနေတဲ့ မြောက်ကိုရီးယားအစိုးရက ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို အလေးအနက်ထားပြီး စဉ်းစားပါတယ်ဟု မစ္စတာ အားနက်စ်က ပြောကြားခဲ့သည်။

မြို့တော်ပြုံယမ်းတွင် သမိုင်းဝင်စစ်တပ်နေရာတစ်ခုကို ကြည့်ရှုစစ်ဆေးစဉ် မစ္စတာကင်က ၎င်း၏နိုင်ငံမှာ ဟိုက်ဒရိုဂျင်ဗုံးကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဘိုးဖြစ်သူကင်အီဆွန်းက မြောက်ကိုရီးယားကို နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ကိုယ့်အားကိုယ်ကိုး တီထွင်ထားသော အဏုမြူဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲရန် အသင့်ရှိနေသည့် အင်အားကြီးမားသော နျူကလီးယားလက်နက်နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNAတွင် ဖော်ပြခဲ့သည်။  

မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်စွမ်းရည်များနှင့် ပတ်သက်ရျ် ယခင်အကြိမ်များကလည်း ပြောဆိုခြင်းများ ရှိခဲ့သော်လည်း ဟိုက်ဒရိုဂျင်ဗုံးနှင့် ပတ်သက်ရျ်မူ ပထမဆုံးအကြိမ် ပြောကြားခြင်းပင် ဖြစ်သည်။

ဟိုက်ဒရိုဂျင်ဗုံးများမှာ သာမန်အဏုမြူဗုံးများထက် ပေါက်ကွဲအား အဆများစွာ ပိုမိုပြင်းထန်ရန် ပေါင်းစည်းစွမ်းအင် (fusion)ကို အသုံးပြုထားသည်။ မြောက်ကိုရီးယားမှာ ယခင်ကလည်း မြေအောက် နျူကလီးယားစမ်းသပ်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုနောက်ဆုံး ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီဟူသော ပြောဆိုချက်နှင့် ပတ်သက်ရျ်မူ ပညာရှင်များက သံသယရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly