မန်ယူကွင်းလယ် ကစားသမားရှဝိန်းစတိုင်ဂါ သုံးပွဲပယ်ခံရမည်

မန်ယူကွင်းလယ် ကစားသမားရှဝိန်းစတိုင်ဂါ သုံးပွဲပယ်ခံရမည်

ဒီဇင်ဘာ ၁၁၊ မန်ချက်စတာ ။           ။ ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်အပေါ်ကြမ်းတမ်းစွာပြုမူခဲ့သည်ကို ဝန်ခံခဲ့သည့် မန်ယူကွင်းလယ်လူ ရှဝိန်းစတိုင်းဂါ သုံးပွဲပယ်ခံရမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုသည်။

ပြီးခဲ့သည့်တစ်ပတ်က အိုးထရက်ဖို့ဒ်တွင် ဝက်စ်ဟမ်းနှင့် ဂိုးမရှိသရေကျခဲ့သောပွဲ၌ ရှဝိန်းစတိုင်ဂါသည် ရိဒ်ကို လက်ဖျံနှင့်ရိုက်ခဲ့သောကြောင့် တနင်္လာနေ့တွင် စွဲချက်တင်ခံရခြင်းဖြစ်သည်။

ယင်းအဖြစ်အပျက်ကို ဒိုင်လူကြီး မာ့ခ်ကလန်တန်ဘတ်နှင့် အကူဒိုင်များက မြင်တွေ့ခဲ့ခြင်းမရှိသော်လည်း အက်ဖ်အေက ပွဲပြီးရုပ်သံပြကွက် များကို ပြန်လည်ဆန်းစစ်ကာ အရေးယူခဲ့ခြင်းဖြစ်သည်။

"ဒိုင်လူကြီးတွေကမြင်တွေ့ခဲ့ခြင်းမရှိပေမယ့် ပွဲပြီးရုပ်သံကိုပြန်လည်သုံးသပ်ပြီး စွဲချက်တင်ခဲ့တာကို ဝန်ခံခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ သုံးပွဲပယ်ခံရ မှာဖြစ်ပါတယ်။

အဲဒီမန်ယူကွင်းလယ်ကစားသမားဟာ ဝက်စ်ဟမ်းရဲ့ ဝင်စတန်ရိဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ"ဟု အက်ဖ်အေ၏ ကြေညာချက်တွင် ရေးထား သည်။

ရှဝိန်းစတိုင်းဂါသည် မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ်များဖြစ်သော ဘုန်းမောက်၊ နော့ဝှစ်ချ်၊ စတုခ်စီးတီးတို့နှင့်ပွဲများကို လွဲချော်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂၈ တွင် လက်ရှိချန်ပီယံချယ်လ်ဆီးနှင့်ကစားရမည့်ပွဲ၌ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly