လွယ်ဟိန်းကုမ္ပဏီကို ရှယ်ယာထုတ်ရောင်းချနိုင်အောင် လုပ်ဆောင်သွားမည်

လွယ်ဟိန်းကုမ္ပဏီကို ရှယ်ယာထုတ်ရောင်းချနိုင်အောင် လုပ်ဆောင်သွားမည်
ဓာတ်ပုံ- မဇ္စျိမ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ။            ။ Alpine သောက်ရေသန့်နှင့်အချိုရည်များထုတ်လုပ်သည့် လွယ်ဟိန်းကုမ္ပဏီကို ရှယ်များထုတ်ရောင်းချနိုင်အောင် လုပ်ဆောင်သွားမည်ဟု ယင်းကုမ္ပဏီလီမီတက် မှဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောကြားသည်။

သို့ရာတွင် လွယ်ဟိန်းကုမ္ပဏီ၏ စာရင်းထားသိုမှု၊လုပ်နည်းလုပ်ဟန်များ Cooperate ဖြစ်ရန်အတွက် အချိန် သုံးနှစ်ခန့်ယူပြင်ဆင်ကာ Listed ကုမ္ပဏီဖြစ်အောင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 လတ်တလောအခြေအနေတွင် ရန်ကုန်စတော့အိတ်ချိန်းတွင်ပါသည့် Listed ကုမ္ပဏီများအတွက် ရှယ်ယာထုတ်ရောင်းချသည့် တဆင့်ခံ Security ကုမ္ပဏီလီမိတက်အဖြစ် ဒေါက်တာစိုင်းဆမ်ထွန်း ပိုင်ဆိုင်သည့်  ရူဘီဟေး(လ)(စ) (Ruby Hills) Securities ကုမ္ပဏီလီမိတက်နှင့်ထိုင်းနိုင်ငံကခရွှန်းထိုင်းဘဏ် (Krung Thai Bank)၏ လက်အောက်ခံကေတီဇင်မီကို (KT.ZMICO) Securities ကုမ္ပဏီလီမိတက်တို့ဖက်စပ်ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ရက်နေ့ကစတင်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ရေရှည်ငွေကြေးလောကမှာနေနိုင်ပါက အကျိုးရှိနိုင်သည်ဟု ယူဆကြောင်း ဒေါက်တာစိုင်းဆမ်ထွန်းက ဆိုသည်။

"ကျွန်တော် ရေလိုင်း၊ အချိုရည်လိုင်းကိုထားခဲ့ပြီးတော့တာတော့မဟုတ်ပါဘူး၊ တိုးတက်အောင်လည်းလုပ်နေတယ် တစ်ချိန်တည်းမှာပဲငွေကြေးလောကထဲကို ဝင်ရောက်ခြင်းပဲဖြစ်ပါတယ်။" ဟု ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

လွယ်ဟိန်းကုမ္ပဏီလီမိတက်မှာ မြန်မာနိုင်ငံအတွင်း စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဈေးကွက် ဖော်ထုတ်ခြင်း၊ ရောင်းချခြင်းနှင့်ဖြန့်ဖြူးခြင်းများ ပြုလုပ်နေသည့် အဖွဲ့အစည်း ဖြစ်ပြီး၁၉၉၂ ခုနှစ်မှစတင်ကာ လွယ်ဟိန်း ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်ထုတ်ကုန် အမှတ်တံဆိပ်များထုတ်လုပ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags