ဗြိတိန် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပမည့် ရက်များ ဂျက်စတင်ဘီဘာ ကြေညာ

ဗြိတိန် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပမည့် ရက်များ ဂျက်စတင်ဘီဘာ ကြေညာ

ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာက ၎င်း၏ စတုတ္ထမြောက် တေးသီချင်း အယ်လ်ဘမ် “ Purpose” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးတွင် ဗြိတိန်ဖျော်ဖြေပွဲ ကျင်းပမည့်ရက်များကို  ဒီဇင်ဘာ ၉ ရက်က ထည့်သွင်း ကြေညာခဲ့သည်။

ဂျက်စတင်ဘီဘာက လာမည့်နှစ် ဆောင်းဦးရာသီတွင် အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြို့နှင့်  အင်္ဂလန်နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ အသက် ၂၁ နှစ်အရွယ်ရှိ ဂျက်စတင်ဘီဘာသည် ဗြိတိန် နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ၁၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကိုးရက်ကြာ ဖျော်ဖြေသွားမည် ဖြစ်သည်။

ဂျက်စတင်သည် လန်ဒန်မြို့ရှိ  The O2 ၌ အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်တို့တွင် ဘာမင်ဟမ်မြို့ ဘာမင်ဟမ် အားက စားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။

မန်ချက်စတာမြို့ရှိ မန်ချက်စတာ အားကစားကွင်း၌ အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့ တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် ရှက်ဖီးလ်မြို့ရှိ ရှက်ဖီးလ်အာကစားကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တွင် ဂလက်စဂိုလ်မြို့ The SSE Hydro ၌ ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် ဒပ်ဘလင်မြို့ရှိ  3 Arena တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ဖျော်ဖြေ ပွဲသည် ၂၀၁၃ ခုနှစ်မှစ၍  ဂျက်စတင်၏ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးဖြစ်ခြင်းကြောင့် ကြည့်ရှုသူ များပြားမည်ဟု မျှော်မှန်းထားသည်။

ဂျက်စတင်၏ “Purpose” တေးသီချင်း အယ်လ်ဘမ်သည်  ဗြိတိန်တေးဂီတ ဇယားတွင် နံပါတ် ၂ နေရာတွင် ရပ်တည်ခဲ့ပြီး ၎င်း၏ မွေးရပ်မြေဖြစ်သော ကနေဒါနှင့် အမေရိကတွင် ထိပ်ဆုံးမှ ရပ်တည် ခဲ့သည်။

ဂျက်စတင်၏ အမာခံ ပရိတ်သတ်များကလည်း ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုများကို လူမှုရေးမီဒီယာတစ်ခုဖြစ်သော တွစ်တာတွင်  အများအပြား ဖော်ပြခဲ့ကြသည်။

“ကျွန်တောတို့အနေနဲ့ Purpose ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ကြည့်ရှုဖို့ အသင့်ဖြစ်နေပါပြီ။ လာမယ့်နှစ်မှာ ဘီဘာက ဗြိတိန်မှ ဖျော်ဖြေပွဲ ပြုလုပ်မယ်ဆိုတာ ကြားသိရတဲ့အတွက် ပျော်ရွှင်မိပါ တယ်” ဟု ပရိတ်သတ်တစ်ဦးက ရေးသားထားသည်။ လက်မှတ်များကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီအချိန်တွင် ရောင်းချပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly