နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာမည့်အပေါ် အမြင်များ ဦးရှိန်းထွန်း (အထွေထွေအတွင်းရေးမှုး(၁)- ချင်းတိုးတက်ရေးပါတီ )

နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာမည့်အပေါ် အမြင်များ ဦးရှိန်းထွန်း (အထွေထွေအတွင်းရေးမှုး(၁)- ချင်းတိုးတက်ရေးပါတီ )

“ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းက ပဋိပက္ခဖြစ်ရာဒေသတွေမှာ အမျိုးသမီးတွေက သားကောင် တွေဖြစ်ခဲ့ကြ ရတာကိုတွေ့ကြ ရမှာပါ။ ဒါကြောင့် ခုလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုလိုက်တာကို ကြိုဆိုတယ်။ တကယ့် သားကောင် ဖြစ်ခဲ့ရတဲ့ ဒေသက အမျိုးသမီးတွေရဲ့အသံတွေ တကယ်ပါလာဖို့ သူတို့ကိုပါ ဒီဆွေးနွေးပွဲတွေမှာပါဝင် ဆွေးနွေး ဖို့လုပ်ဆောင်သင့်တယ်”  

ဒေါ်သန်းသန်းနု (အတွင်းရေးမှူး - ဒီမိုကရက်တစ်ပါတီ  (မြန်မာ) )

“အမျိုးသမီးပါဝင်မှု သတ်မှတ်တာ ကောင်းပါတယ်။ ပဋိပက္ခဒေသမှာ ဆိုရင်တော့ ပညာပေးကိစ္စတွေ ကို အမျိုးသမီးအချင်းချင်း လုပ်ဆောင်ပေးတာ ပိုထိရောက်တယ်။ ဒါပေမဲ့ အမျိုးသမီးအရေးကို အမျိုးသမီးပဲ ပြောနေတာထက် အမျိုးသားတွေလည်း ပါဖို့လိုတယ်။ လက်ရှိအနေအထားအရ ဆိုရင်တော့ အမျိုးသားတွေ ပြောဆိုတာက ပိုထိရောက်နေတယ်လေ။ အမျိုးသားတွေ ဘက်က စိတ်ပါဝင်စားပေးဖို့လည်း လိုအပ်ပါတယ်”

နန့်ပေ့ပိုး

“ကျွန်မက လားဟူ အမျိုူသမီးအဖွဲ့မှာ ထဲထဲဝင်ဝင် အလုပ်လုပ်တယ်။ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတွေ ခေါင်းဆောင်မှုပိုင်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါဝင်မှုမှာပဲဖြစ်ဖြစ် ကျွန်မတို့က တောက်လျှောက်လုပ်လာတယ်။ ဒီတော့ NCA  မူကြမ်းကို လေ့လာတဲ့အခါမှာ အလုပ် လုပ်တယ်။

အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးလည်း မပါဘူး။ အမျိုးသမီးတွေ အတွက် သီးသီးသန့်သန့် ရေးှဆွဲထားတာမပါဘဲနဲ့ တိတိကျကျရေးဆွဲထားတာလည်း မရှိဘူး၊ သင့်တင့် လျောက်ပတ်သော အချိုး အစား ဆိုတော့  ပါတယ်ဆိုရုံ တစ်ရာ ခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း လောက်ပဲ ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်။ ဒီတော့  ၃၀ ရာခိုင်နှုန်း လို့ပြောလိုက်ခြင်းအားဖြင့် မပါမဖြစ် ပါရတော့မယ်။ ပါအောင်လည်း အစိုးရဘက်ကနေ  ယာယီ အထူးလုပ်ဆောင်ချက်အနေနဲ့ လုပ်ဆောင် ရမယ့်စံနှုန်းလည်း ရှိလာရတော့မယ်။ ဒီအတွက် အစ်မတို့က နိုင်ငံရေးဆွေးနွေးပွဲများတွင်အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုဖို့ အဆိုတင်သွင်း ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါက အမျိုူသမီးတွေ အတွက် ရေရှည် ကိစ္စ ဖြစ်ပါတယ်”

ဒေါ်စောမြရာဇာလင်း  (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်- ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP))

“အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပြုဖို့ လုပ်ဆောင်ရာမှာ နည်းနည်းတော့ ခက်မယ်၊ ဘာလို့လဲ  ဆိုတော့  ကျွန်မတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြန်ပြောကြတာက ဘာလဲ ဆိုတော့ ဒီဘက်တွေမှာ အမျိုူးသမီးတွေပါဝင်မှုက တအားနည်းနေတယ်။ အမျိုးသမီးတွေက ကြမ်းတမ်း ခက်ထန်တဲ့ တော်လှန်ရေးခရီးမှာ ဆက်လက်မပါဝင်နိုင်တော့တာ တို့ဒီတော့ ဒီသတ်မှတ်ချက် အရ ဆိုရင် ဒီအဖွဲ့တွေမှာ အင်အားကိုက  အမျိုးသမီး ၃၀ ရာခိုင်နှုန်း မရှိရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ တွေ ပြန်လာတယ်။ ဒါတွေတော့ ရှိတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ရသွားတယ် ဆိုတာ အမျိုးသမီးတွေအတွက် အင်မတန်မှ ကောင်းတဲ့ ရလဒ်ကောင်း တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ အမျိုးသမီးတွေက ကြမ်းတမ်းခက်ထန်တဲ့ တော်လှန်ရေးခရီးမှာ ဆက်လက် မပါဝင်နိုင်တော့ တာတို့ဘာတို့ကြောင့် နေရာပေးဖို့စဉ်းစားတဲ့အခါမှာလည်း အမျိုးသမီး တွေကို နေရာမပေးချင် တာမျိုး ရှိတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အရည်အချင်းက ဒီနေရာ တစ်ခုတည်းမှာရှိတာ မဟုတ် သလို တိုင်းပြည်ကလည်း တိုက်ခိုက်ရေးကဏ္ဍတစ်ခု တည်းပဲ ရှိနေတာ မဟုတ်ပါဘူး။  ဒါပေမဲ့ နိုင်ငံရေးခရီးလမ်းဆိုတာ အရမ်းကို ရှုပ်ထွေးတယ်။ အခက်အခဲတွေ သိပ်များတယ်။  ဒါကို ကျော်ဖြတ် နိုင်တဲ့ အမျိုးသမီးတွေဖြစ်ဖို့ အရေးကြီးတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly