ပေါ်လိုဆိုဆာကို နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားခန့်အပ်

ပေါ်လိုဆိုဆာကို နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားခန့်အပ်

ဇွန် ၂၂၊ ဖလောရင့်စ်။ ။ ဆွစ်ဇာလန်ကလပ်ဘေဆယ်အသင်းမှနုတ်ထွက်လာခဲ့သော ကျူပီအာနှင့်ဆွမ်ဆီးနည်းပြဟောင်း ပေါ်တူဂီလူမျိုးနည်းပြ ပေါ်လိုဆိုဆာကို ဖီအိုရင်တီးနားအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဆိုဆာသည် ဖီအိုရင်တီးနားနှင့်တနင်္လာနေ့တွင် စာချုပ်ကိစ္စအပြီးသတ်ခဲ့ပြီး ညနေပိုင်း၌ သတင်းစာရှင်းလင်းပွဲပြု လုပ်မည်ဖြစ်သည်။
ပေါ်တူဂီလက်ရွေးစင်ဟောင်း ဆိုဆာသည် ချန်ပီယံရှစ်တွင် ကျူပီအာ၊ ဆွမ်ဆီးနှင့် လက်စတာအသင်းများကို နှစ်နှစ်နီးပါးခန့် ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ဘေဆယ်အသင်းကို ဆွစ်စူပါလိဂ်ဖလားရယူပေးခဲ့သော်လည်း လာမည့်ရာသီတွင်မူ စီးရီးအေကလပ်ဖီအိုရင်တီးနားအသင်း၌ မွန်တဲလား၏နေရာတွင် နည်းပြအဖြစ်အစားထိုးတာဝန်ယူမည်ဖြစ်သည်။

ဖီအိုရင်တီးနားကို ၂၀၁၂ ခုနှစ်မှစတင်ကိုင်တွယ်ခဲ့သည့် မွန်တဲလားသည် အသင်းအပေါ်လေးစားမှုအားနည်းသည်ဟုဆိုကာ ပြီးခဲ့သည့်တနင်္လာနေ့တွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly