နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ထိုင်းမင်းသမီး သီရိဒုံ လာအိုသို့ အလည်အပတ်ရောက်ရှိ

နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ထိုင်းမင်းသမီး သီရိဒုံ လာအိုသို့ အလည်အပတ်ရောက်ရှိ

ခတ္တမန္တူ၊ ဒီဇင်ဘာ ၁၀ ။         ။ ထိုင်းပြည်သူများနှင့် လာအိုပြည်သူများကြား အပြန်အလှန်နားလည်မှုနှင့် အိမ်နီးချင်းကြား နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ရည်ရွယ်လျက် ဗီယက်နမ်တွင် ရောက်ရှိနေသည့် ထိုင်းမင်းသမီး မဟာချက်ကရီသီရိဒုံက လာအိုနိုင်ငံသို့ နှစ်ရက်တာ အလည်အပတ်ခရီး ရောက်ရှိသည်။

လာအို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားရသူ သွန်ဂလါန်စီဆောလစ်၏ ဖိတ်ကြားချက်အရ မင်းသမီး သီရိဒုံက လာရောက်ခြင်းဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုင်းမင်းသမီး သီရိဒုံ၏ အလည်အပတ်ခရီးစဉ်သည် ထိုင်းနှင့် လာအို နှစ်နိုင်ငံပြည်သူများကြား အပြန်အလှန်နားလည်မှု တိုးတက်ခိုင်မာရေးအတွက် အရေးကြီးသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ဖော်ပြသည်။

ဝတ်တေးနိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ချင်းပင် မင်းသမီး သီရိဒုံအား လာအိုအဆင့်မြင့်အရာရှိကြီးများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ မင်းသမီးသီရိဒုံက ၎င်းတက်ရောက်ခဲ့သည့် ကွန်ပြူတာ သုတေသနအဆောက်အအုံ တည်ရှိသော ဗီတန်နီပြည်နယ်ရှိ မိဘမဲ့ကလေးများ တိုင်းရင်းသားနှင့် ယဉ်ကျေးမှုကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။

အဆိုပါ ကျောင်းသို့ မင်းသမီးသီရိဒုံက ကျောင်းသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများကို လှူဒါန်းခဲ့သည်။

ယင်းနေ့နှောင်းပိုင်းတွင် ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်သည့် ဆွမ်ဆာဗက်လန်ဂဆာဗတ်က မင်းသမီးသီရိဒုံအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နေ့လည်ပိုင်းတွင် မင်းသမီးကသမ္မတရုံးသို့ သွားရောက်ကာ သမ္မတချုမေလီဆာယာဆွန်ထံသို့ လောကွတ်ပျူငှာစွာ တွေ့ဆုံခဲ့သည်။ သမ္မတက မင်းသမီးသီရိဒုံ၏ လာအိုနိုင်ငံအား ကူညီစောင်မမှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly