ကင်ထယ်ဟီး ရုပ်ရှင်ကားတွင် သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်

ကင်ထယ်ဟီး ရုပ်ရှင်ကားတွင် သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်

တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး ကင်ထယ်ဟီးသည် ရုပ်ရှင်ကားတွင် ပြန်လည် သရုပ်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ကင်ထယ်ဟီးသည် အဆိုပါ ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားရန်နှင့် စပ်လျဉ်း၍ ယခုအချိန်ထိ ဆုံးဖြတ်ချက် မချရသေးကြောင်း သိရသည်။

ကင်ထယ်ဟီးသည် “Royal Throne : The Road of Monarchy” ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်ရန် ကမ်းလှမ်းခြင်း ခံထားရကြောင်း ၎င်း၏ အေဂျင်စီက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ဟာ အခုချိန်ထိ ကင်ထယ်ဟီး သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတဲ့ ရုပ်ရှင်ကားကို လက်ခံရိုက်ကူးဖို အတည်မပြုရသေးပါဘူး။ ကျွန်တေ်ာတို့ အခုချိန်မှာ ဇာတ်ကားတွေကို ရှာဖွေနေပါ တယ်။ လာမယ့်နှစ် အစောပိုင်းလောက်မှာ ဆုံးဖြတ်သွားမှာပါ”ဟု အေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးက ပြည်တွင်းသတင်းဌာန Newsen ကို ပြောကြားခဲ့သည်။

“ကင်ထယ်ဟီးကို ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်မှုကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါ တယ်။ ကင်ထယ်ဟီးဟာ ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒရမ်မာ ဇာတ်ကားမှာ တော့ သရုပ်ဆောင်သွားဖို့ အလားအလာ နည်းပါတယ်” ဟု အေဂျင်စီမှ ကိုယ်စားလှယ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly