ဒစ်ဂျစ်တယ် စျေးကွက်လုပ်ငန်းကြီး Brandtone က မြန်မာပြည်ကို ပစ်မှတ်ထားနေ

ဒစ်ဂျစ်တယ် စျေးကွက်လုပ်ငန်းကြီး Brandtone က မြန်မာပြည်ကို ပစ်မှတ်ထားနေ

Pepsi နဲ့ Kelloggs ကဲ့သို့ ကုန်အမှတ်တံဆိပ်များကို ဈေးကွက်ဖောက်ပေးနေသော ဒဗ္ဗလင်အခြေစိုက် ဒစ်ဂျစ်တယ် ဈေးကွက် လုပ်ငန်းတစ်ခုဖြစ်သည့် Brandtone က  မြန်မာနိုင်ငံကို ၎င်း၏ နောက်ထပ် ဈေးကွက်သစ်တစ်ခုအဖြစ် စိတ်ဝင်စားနေသည်ဟု ဆိုသည်။  

လူဦးရေ သန်း ၇၀ ရှိသည့် မြန်မာမှာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနက်က တစ်ခုဖြစ်သည်။  ဒေါ်နယ် ဖစ်မောရစ်နဲ့ ပါဒရိတ် မက်ဘရိုက်တို့ ထူထောင်ခဲ့သည့် ဤကုမ္ပဏီက မြန်မာပြည်တွင်းနှင့် အခြားဈေးကွက် များကို ချဲ့ထွင်ရန် မကြာသေးမီက ရန်ပုံငွေ အီးယူ ၁၈ ဒသမ ၅ သန်းကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြသည်။  

Brandtone ကို ရောင်းချရန် ချဉ်းကပ်မှုများရှိသည်ဟု ယူဆရပြီး ဝယ်လက်များထဲတွင် Facebook ၊ Twitter နှင့် WPP ကဲ့သို့ လူမှုကွန်ရက်ကြီးများပင် ပါဝင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။  ပိုင်ရှင်များက ရောင်းချဖို့ ဖွင့်ထားဆဲဖြစ်သော်လည်း လတ်တလော၌ အရောင်းအဝယ် ဖြစ်ဖွယ်မရှိသေးဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။  

ဝန်ထမ်း ၁၃၀ ရှိသည့် ဤဈေးကွက်လုပ်ငန်းက ဘဏ္ဍာရေး၊ စိုက်ပျိုးရေးဓာတုပစ္စည်းနှင့် ကျန်းမာရေး ကုန်အမှတ်တံဆိပ်များပါ ပါဝင်လာစေရန် ၎င်း၏ ဖောက်သည်အမာခံများကို ကျယ်ပြန့်အောင် ချဲ့ထွင် နေသည်ဟု ဆိုသည်။ Brandtone ၏ လက်ရှိဖောက် သည်များမှာ Unilever နှင့် Kelloggs ကဲ့သို့  လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများသာ အများစုဖြစ်နေသည်ဟု ဆိုသည်။

Brandtone က အချို့နေရာများတွင် SMS အခြေခံဆုပေးစနစ်များ ဖန်တီးပြီး တရုတ်နှင့် အိန္ဒိယကဲ့သို့ နိုင်ငံများ၌မူ ဈေးဝယ်သူ ကိုယ်ရေးအချက်အလက် ဒေတာဘေ့စ်များ တည်ဆောက်သော နည်းများနှင့် စမတ်ဖုန်းသုံးစွဲမှုနိမ့်ကျသည့် နေရာများမှာပင် ကုန်အမှတ်တံဆိပ်များကို ဈေးကွက်ရလာစေရန် အကူအညီ ပေးနေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags