ကချင် နှင့် ရှမ်းမြောက်တွင် လူမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ရန် ဂျာမနီအစိုးရက ယူရို ၁,၃၈၀,၀၀၀ ကူညီ

ကချင် နှင့် ရှမ်းမြောက်တွင် လူမှုဘဝ ပြန်လည်ထူထောင်ရေးလုပ်ရန် ဂျာမနီအစိုးရက ယူရို ၁,၃၈၀,၀၀၀ ကူညီ

ရန်ကုန်၊ ဒီဇင်ဘာ ၉ ။ ။ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများကြောင့် စစ်ဒဏ်ခံစားနေရသည့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပဋိပက္ခဒဏ် ခံနေရသူများအတွက် လူမှုဘဝကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂျာမနီအစိုးရမှ ယူရိုငွေ ၁,၃၈၀,၀၀၀ ကို လှူဒါန်းလိုက်ကြောင်း ဒီဇင်ဘာ ၈ရက် နေ့စွဲဖြင့် ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးက ထုတ်ပြန်လိုက်သည်။ 

ယင်းအလှူငွေကို ဂျာမနီအစိုးရက မြန်မာနိုင်ငံရှိ WHH(Deutsche Welthungerhilfe e.V.) နှင့် မေတ္တာဖွံ့ဖြိုးမှုဖောင်ဒေးရှင်း တို့မှတစ်ဆင့် ကူညီထောက်ပံ့မည်ဖြစ်သည်။

ယင်းအဖွဲ့အစည်းနှစ်ခုသည် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသအတွင်း ပဋိပက္ခဒဏ်ခံရသူများ၏ လူနေမှုဘဝ တိုးတတ်အောင် ကောင်းမွန်လာစေရန်အတွက် ဒေသခံ
ပြည်သူများ နှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ထိုဒေသတွင် နေထိုင်သည့် ဒေသခံ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ပြန်လည်နေထိုင်ရေးအတွက်လည်း ယင်းအဖွဲ့အစည်း နှစ်ခုက ကူညီပံ့ပိုးလျက်ရှိသည်ဟု ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags