လာလီဂါတစ်လတာအကောင်းဆုံးဘောလုံးသမားဆုကို နေမာ ပထမဆုံးရရှိ

လာလီဂါတစ်လတာအကောင်းဆုံးဘောလုံးသမားဆုကို နေမာ ပထမဆုံးရရှိ

စပိန်၊ ဒီဇင်ဘာ ၉ ။           ။ ဘာစီလိုနာတိုက်စစ်မှူး နေမာသည် နိုဝင်ဘာလအတွက် လာလီဂါတစ်လတာအကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးရရှိသွားခဲ့သည်။

ဘာစီလိုနာအသင်းသည် နိုဝင်ဘာလတွင် လာလီဂါပွဲစဉ် သုံးပွဲကစားခဲ့ပြီး ပွဲတိုင်းတွင် နေမာက ဂိုးသွင်းယူနိုင်ခဲ့သည်။ ထိုသုံးပွဲတွင်နေမာက ငါးဂိုးသွင်းယူခဲ့သည်။ ဗီလာရီးယဲလ်နှင့်ပွဲတွင် နှစ်ဂိုး၊ ရီးယဲလ်နှင့်ပွဲတွင် တစ်ဂိုး၊ ဆိုစီဒက်နှင့်ပွဲတွင် တစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

လာလီဂါတစ်လတာအကောင်းဆုံးဆုများကို ၂၀၁၃ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာကစားသမားများ တစ်ကြိမ်မှ ရရှခဲ့ဖူးခြင်းမရှိဘဲ နေမာက ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်သည်။

နေမာသည် ယခုရာသီတွင် လာလီဂါသွင်းဂိုးပေါင်း ၁၄ ဂိုးအထိသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

လာလီဂါတစ်လတာအကောင်းဆုံးနည်းပြဆုကိုမူ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ရရှိခဲ့သည်။ ဆီမြွန်နီသည် အက်သလက်အသင်းကို ဘာစီလိုနာအသင်း၏နောက် နှစ်မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်။

Ref: Mata

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly