ဒူးကောက်ကြော ဒဏ်ရာကြောင့် စတူးရစ်ချ် ရက်သတ္တပတ် အတန်ကြာနားရဖွယ်ရှိ

ဒူးကောက်ကြော ဒဏ်ရာကြောင့် စတူးရစ်ချ် ရက်သတ္တပတ် အတန်ကြာနားရဖွယ်ရှိ

ဒီဇင်ဘာ ၉၊ လီဗာပူးလ် ။             ။ တနင်္ဂနွေနေ့က နယူးကာဆယ်ကိုရှုံးသည့်ပွဲတွင် ဒူးကောက်ကြော ဒဏ်ရာရခဲ့သော လီဗာပူးလ်တိုက်စစ်မှူး စတူးရစ်ချ်သည် ရက်သတ္တပတ် အတန်ကြာအနားယူ ရဖွယ်ရှိနေသည်။

စိန့်ဂျိမ်းစ်ပါ့ခ်တွင်ကစားသော အဆိုပါပွဲစဉ် ဒုတိယပိုင်း၌ လူစားဝင်လာစဉ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒူးဒဏ်ရာ၊ ခြေဖဝါးဒဏ်ရာများမှ ပြန် ကောင်းလာသည့် အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးအတွက် နောက်ဆုံးရရှိထားသည့် ဒဏ်ရာလည်းဖြစ်သည်။

စတူးရစ်ချ်သည် လက်ရှိရာသီတွင် ခြောက်ပွဲစာကစားထားရပြီး လေးဂိုးသွင်းယူထားသည်။ ၂၀၁၃-၁၄ ရာသီတွင် လီဗာပူးလ်အတွက် ၂၈ ဂိုး သွင်းထားသည့် စတူးရစ်ချ်သည် ပြီးခဲ့သည့်ရာသီကလည်း ပေါင်၊ ခြေသလုံးကြွက်သားနှင့် တင်ပါးဒဏ်ရာများကြောင့် ၁၈ ပွဲသာ ကစားခဲ့ရသည်။

မေလတွင် တင်ပါးဒဏ်ရာကိုခွဲစိတ်ပြီးနောက် စတူးရစ်ချ်သည် သုံးပွဲပြန်ကစားနိုင်ခဲ့သော်လည်း အောက်တိုဘာ ၄ မှ နိုဝင်ဘာ ၂၉ ထိ အနားယူခဲ့ရပြန်သည်။

ပြီးခဲ့သည့်တစ်ပတ် ဗုဒ္ဓဟူးနေ့က ကက်ပီတယ်ဝမ်းကွာတားတွင် ဆောက်သမ်တန်ကို ၆-၁ ဖြင့်အနိုင်ခဲ့ရာ၌ နှစ်ဂိုးသွင်းနိုင်ခဲ့သော်လည်း နယူးကာဆယ်နှင့်ပွဲချိန် ၆၂ မိနစ်တွင် ဒဏ်ရာထပ်ရသွားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly