အကျဉ်းကျနေသည့် ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်းအာရိုယိုအား ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အိမ်ပြန်ခွင့်ပေးမည်

အကျဉ်းကျနေသည့် ဖိလစ်ပိုင်ခေါင်းဆောင်ဟောင်းအာရိုယိုအား ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အိမ်ပြန်ခွင့်ပေးမည်

မနီလာ၊ ဒီဇင်ဘာ ၉ ။           ။ အကျဉ်းကျနေသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာအာရိုယိုအား ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အိမ်ပြန်ခွင့်ပေးမည်ဟု တရားရုံးချုပ်က ဒီဇင်ဘာ ၈ တွင် ဆုံးဖြတ်ခဲ့သည်။

ခြစားမှုဖြင့် ဖမ်းဆီးခံရပြီးနောက် အစိုးရဆေးရုံတစ်ခုတွင် ထိန်းသိမ်းခံထားရသော အာရိုယိုအား ဒီဇင်ဘာ ၂၃မှ ၂၆အထိလည်းကောင်း၊ ဒီဇင်ဘာ ၃၀မှ ဇန်နဝါရီ ၂ရက်နေ့အထိလည်းကောင်း အိမ်ပြန် ခွင့်ပြုမည်ဖြစ်ကြောင်း တရားရုံးပြောခွင့်ရအမျိုးသား သီအိုဒိုတေက ပြောသည်။ အသနားခံသူ အာရိုယိုအား ယင်းကဲ့သို့ ပြန်ခွင့်များပေးသော်လည်း ဥပဒေအရ ဆက်လက်ထိန်းသိမ်းရေးအတွက် ကြိုတင် စီစဉ်မှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ကြေညာခဲ့သည်။

၂၀၀၁မှ ၂၀၁၀အထိ အာဏာရခဲ့သည့် အာရိုယိုသည် လှူတမ်းမှုအစီအစဉ်များအတွက် ရည်ရွယ်သော နိုင်ငံတော်ထီငွေ ပီဆို ၃၆၆သန်း(အမေရိကန်ဒေါ်လာ ၈ဒသမ၈သန်း) ခိုးယူမှုစွဲချက်များဖြင့် ၂၀၁၂ ကဖမ်းဆီးခံခဲ့ရသည်။ ၎င်းအားတရားခွင်တွင် စစ်ဆေးနေဆဲဖြစ်သော်လည်း ဥပဒေအရ အရေးယူရေးမှာ အကြိမ်ကြိမ်နှောင့်နှေးခဲ့သည်။ သူမ၏နေရာဆက်ခံသူနှင့် သူမအားပြင်းထန်စွာဝေဖန်သူ လက်ရှိ သမ္မတဘင်နစ်နိုအကွီနိုသည် သူမအား ကြီးမားသည့်ပြစ်မှုကြီးများကျူးလွန်သူအဖြစ် စွပ်စွဲနေသည်မှာ ကြာမြင့်နေပြီး သူမအားထိန်းသိမ်းနိုင်ရေး အထူးကြိုးပမ်းနေသူဖြစ်သည်။

"ကျွန်တော်တို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်"ဟု အာရိုအားအိမ်ပြန်ခွင့်ပေးခြင်းအတွက် မေးမြန်းစဉ် အကွီနို၏ ပြောခွင့်ရအမျိုးသား ဟာမီနီယိုကိုလိုမာက ပြောသည်။

ကျောရိုးမကြီးတွင် ရောဂါဖြစ်နေသော သမ္မတဟောင်း အာရိုယိုတွင် လေယာဉ်စီးခြင်းကြောင့် အန္တရာယ်မဖြစ်နိုင်သည့်အတွက် အာမခံပေးသင့်သည်ဟုလည်း အာရိုယို၏ ရှေ့နေများက ပြောသည်။

စက်တင်ဘာလက ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုက အာရိုယိုအား ချုပ်နှောင်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု ပြောကြားခဲ့ရာ အာမခံပေး လျှောက်လဲချက်အား တရားရုံးချုပ်က နောက်ဆုံးတွင် သဘောတူရေးမှာ မျှော်လင့်ချက်များ မြင့်မားလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly