ပါရီတိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်အောက်လွှတ်တော်က ဗီဇာမဲ့ သွားလာခွင့် တင်းကြပ်

ပါရီတိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်အောက်လွှတ်တော်က ဗီဇာမဲ့ သွားလာခွင့် တင်းကြပ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၉  ။           ။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အမေရိကန်အောက်လွှတ်တော်က နိုင်ငံသို့ ဗီဇာမဲ့သွားလာခွင့်ကို တင်းကြပ်ရန် ဆုံးဖြတ်မဲပေးလိုက်သည်။

ဗီဇာမဲ့အစီအစဉ်အရ ၂၀၁၁ မတ်လနောက်ပိုင်း အီရတ်နှင့် ဆီးရီးယားသို့ သွားရောက်သူများအားလည်း တားမြစ်နိုင်မည့် အတည်ပြုဆုံးဖြတ်ချက်ဖြစ်သည်။

အကြမ်းဖက်ဝါဒအတွက် ပံ့ပိုးခြင်းများလုပ်ရန်ဟု အမေရိကန်က စွပ်စွဲသော အီရန်နှင့် ဆူဒန်သို့ သွားရောက်များခြင်းအတွက်လည်း ဗီဇာလိုအပ်တော့မည်ဖြစ်သည်။

အိမ်ဖြူတော်က ကျောထောက်နောက်ခံပြုသည့် ယခုဥပဒေကြမ်းကို ပြင်သစ်တိုက်ခိုက်သူများ အမေရိကန်သို့ ဗီဇာမပါဘဲ ဝင်ရောက်လာနိုင်ခြင်းကြောင့် ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က အမေရိကန်သို့ မွတ်စလင်များ အဝင်မခံရန် ပို၍တင်းကြပ်စွာ ကျင့်သုံးရေး တိုက်တွန်းခဲ့သည်။

သို့သော် အစ္စလာမ်မစ်ထောက်ခံအားပေးသူများ ကယ်လီဖိုးနီးယားပစ်ခတ်မှုကို ကျုးလွန်ပြီးနောက် ပြောဆိုခဲ့သည့် ထရန့်၏ ယခုမှတ်ချက်စကားအပေါ် နိုင်ငံရေးအသိုင်းအဝန်းက ရှုတ်ချခဲ့ကြသည်။

ယခုဗီဇာမဲ့သွားလာခွင့် ပြောင်းလဲခြင်း အဆိုပြုချက်ကို အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၀၇ မဲ၊ ကန့်ကွက်မဲ ၁၉ မဲဖြင့် အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly