ပရိတ်သတ်များကို လက်ဆောင်များပေးရန် ပြောကြားခဲ့ခြင်း မရှိဟု မွန်ဂိုယောင်း ပြောကြား

ပရိတ်သတ်များကို လက်ဆောင်များပေးရန် ပြောကြားခဲ့ခြင်း မရှိဟု မွန်ဂိုယောင်း ပြောကြား

တောင်ကိုရီးယားမင်းသမီး မွန်ဂိုယောင်းသည်  ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သော တွေ့ဆုံမေး မြန်းခန်းတစ်ခုတွင် ပရိတ်သတ်များကို လက်ဆောင်များပေးရန် ပြောကြားခဲ့သည်ဟု ထွက်ပေါ်နေ သော ကောလဟာလ သတင်းများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။

“ကျွန်မအတွက်တော့ Instagram ဟာ ပရိတ်သတ်တွေနဲ့ ဆက်သွယ်မှု ပြုတဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။ ကျွန်မ ဘယ်တုန်းကမှ ပရိတ်သတ်တွေဆီက လက်ဆောင်ကို လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ ပရိတ်သတ်တွေက ကျွန်မဆီကို လက်ဆောင်ပို့ပေးချင်တယ်လို့ ပြောကြတယ်။ ဒါကြောင့် အဲ့ဒါနဲ့ပတ် သက်လို့ “ကြိုက်သလိုလုပ်ပါ” ဆိုတဲ့ စာကိုတော့ ကျွန်မ ရေးတင်ခဲ့ပါတယ်။

ပရိတ်သတ်တွေနဲ့ ရင်းရင်းနှီးနှီး ရှိတဲ့အတွက် ကျွန်မ ပေါ့ပေါ့ပါးပါး ရေးသားခဲ့တာပါ။ ဒါပေမဲ့ ဒီအကြောင်းအရာ တစ်ခုလုံး ကို မသိတဲ့သူတွေက ကျွန်မက ပရိတ်သတ်တွေကို ကျွန်မဆီ လက်ဆောင်ပို့ပေးဖို့ ပြောတယ်လို့ ထင်ကြတာ ဖြစ်ပါတယ်” ဟု မွန်ဂိုယောင်းက ပြောကြားသည်။

မွန်ဂိုယောင်းသည် ယခင်က Instagram တွင် “လက်ဆောင်တွေ ပို့ခဲ့မယ်ဆိုရင် အရမ်း ကောင်းမှာပဲ” ဟု ရေးသားခဲ့သည်။ ယင်းအချိန်က မွန်ဂိုယောင်း၏ ပရိတ်သတ်များက ၎င်းတို့နှင့် ရင်းရင်းနှီးနှီး ရှိသည့် အမှတ်သင်္ကေတအဖြစ် မှတ်ယူကြပြီး မွန်ဂိုယောင်နှင့် ရင်းနှီးမှု မရှိသည့်သူများက မွန်ဂိုယောင်းကို ပြစ်တင် ဝေဖန်ခဲ့သည်။

မွန်ဂိုယောင်းသည် မကြာသေးမီက SBS ရုပ်သံ၏ ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား  “The Village:Achiara’s Secret” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly