ဇနီးသည်က ခင်ပွန်းဖြစ်သူကို ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲမှု ပထမဆုံးအကြိမ်ရုံးတင်

ဇနီးသည်က ခင်ပွန်းဖြစ်သူကို ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲမှု ပထမဆုံးအကြိမ်ရုံးတင်

ပုသိမ်၊ဒီဇင်ဘာ ၈ ။             ။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ထန်းကုန်းကျေးရွာနေ ဦးမြင့်ဦးအား ၎င်းဇနီးဒေါ်ဖွားမြင့်မှ ပြည်သူလွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇၊၅၈(ခ) ဖြင့် တရားစွဲထားသည့် အမှုကို မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော် မိန်းမနဲ့ ရွေးကာက်ပွဲနေ့က မဲသွားပေးတယ်၊သူက မျက်လုံးမကောင်းဘူး ဒါကြောင့်မို အတူတူသွားပြီး သူအတွက် နှစ်နေရာပေးတယ်၊ တိုင်းဒေသကြီးမဲ သူပေးချင်တယ်ဆို သူကိုယ်တိုင်ပဲ   ပေးခဲ့တယ်၊နောက် စကားများရန်ဖြစ်ပြီး တိုင်ကြားခံရတာ"ဟု တရားစွဲဆိုခံရသူ ဦးမြင့်ဦးက မဇ္ဈိမသို့ပြောသည်။

အဆိုပါအမှုကို နိုဝင်ဘာ ၁၇ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့တွင် ပထမအဆုံးအကြိမ် ရုံးတင်စစ်ဆေးခြင်းဖြစ်သည်

"အမှုကို ကျွန်မတို့ လိုက်ပါဆောင်ရွက်ပေးမှာပါ၊တိုင်ကြားတာ ခြိမ်းခြောက်ပြီး မဲပေးခွင့်ဆုံရုံးတယ်ဆိုပြီးတော့၊အခု ပထမဆုံးအကြိမ်ရုံးတင်တာပါ"ဟု တရားစွဲဆိုခံထားရသူ ဘက်မှ အမှုအားလိုက်ပါ   ဆောင်ရွက်ပေးမည် ပုသိမ်မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ဥပဒေ ထောက်ကူပြုအဖွဲ့မှ ဒေါ်သင်းသင်းအောင်မှ ပြောသည်။

ထန်းကုန်းကျေးရွာမှ ဦးမြင့်ဦးအား ဒေါ်ဖွားမြင့်မှတရားလိုပြုပြီး တိုင်ကြားသည့် အမှုအမှတ်စဉ် ၂၇၅၆/၂၀၁၅ ကို ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ် ၅၇၊၅၈(ခ)တို့ဖြင့် ရုံးတင်တရားစွဲ ဆိုပြီး ယင်းအမှုကို ဒီဇင်ဘာလ၂၂ ရက်နေ့ပြန်လည်ချိန်းဆိုထားသည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၇၊အား ပြစ်မှုထင်ရှားလျင်  ၁နှစ်ထပ်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ဒဏ်ငွေ တစ်သိန်းထပ်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်။

၅၈(ခ) ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေး ကိုလွတ်လပ်စွာမကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး ကိုသော်လည်းကောင်း၊ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ တစ်ဦးဦးကို   သော်လည်းကောင်း ခြိမ်းခြောက်ခြင်းဖြစ်ပြီး ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူအား တစ်နှစ်ထပ်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly