ပြည်တွင်းချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ် မကြေပွဲ ပြန်နွှဲမည်

ပြည်တွင်းချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ် မကြေပွဲ ပြန်နွှဲမည်

ဒီဇင်ဘာ ၈၊ ရန်ကုန် ။            ။ မြန်မာပြည်အလွတ်တန်း ရိုးရာလက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းနှင့် အမေရိကန် လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့၏ တတိယ အကြိမ် မကြေပွဲကို လာမည့် ဒီဇင်ဘာ ၂၀ ရက်၊ ရန်ကုန်မြို့၊ သိမ်ဖြူအားကစားခန်းမရုံတွင် ကျင်းပမည်ဖြစ်သည်။

ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နှစ်ကြိမ် တွေ့ဆုံထိုးသတ်ထားဖူးပြီး တစ်ယောက် တစ်ကြိမ်စီ အနိုင်ရရှိထားကြသည်။ ၂၀၁၄ ဒီဇင်ဘာလက မျှော်စင်ကျွန်း တွင် ပြုလုပ်ခဲ့သည့် Air KBZ ရွှေအောင်လံပွဲတွင် ဆိုင်းရပ်စ်က နောက်ပြန်ခြေကန်ချက်ဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် ၂၀၁၄ ဧပြီလတွင် စိတ်မကြေပွဲအဖြစ် ထွန်းထွန်းမင်းမှ ပြန်လည်စိန်ခေါ်ခဲ့ပြီး အဆိုပါပွဲတွင် ထွန်းထွန်းမင်းက ပြန်လည်အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦး မှာ တစ်ကြိမ်စီ နိုင်ထားကြသော်လည်း ဆိုင်းရပ်စ် အမေရိကန်က Air KBZ ရွှေအောင်လံ၏ လက်ရှိ ချန်ပီယံဖြစ်သည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ဒုတိယအကြိမ် ပြုလုပ်မည့် Air KBZ ရွှေအောင်လံပွဲတွင် ထွန်းထွန်းမင်းနှင့် ဆိုင်းရပ်စ်တို့၏ အဓိပွဲ တွဲဆိုင်း အပြင် ကြယ်စင်ဖြိုး(အဖြူရောင်သွေးသစ်)နှင့် ဝမ်းစတား(ရွှေဖူး)၊ စောမင်းအောင် (တောင်ကလေး)နှင့် စိုးထက်ဦး(အဖြူရောင် သွေးသစ်)၊ ထွန်းနိုင်ဦး(အဖြူရောင်သွေးသစ်)နှင့် ကျော်ကြား(တောင်ကလေး)၊ စောဖြိုးဝေ(အဖြူရောင်သွေးသစ်)နှင့် တိမ် တိုက်(ထွန်းသစ်)၊ သျှင်ရဲထွဋ်(အဖြူရောင်သွေးသစ်)နှင့် ရဲမာန်ဟိန်း(ထွန်းထွန်းမင်း)၊ ဥဒေါင်းမင်း(ထွန်းထွန်းမင်း)နှင့် သိန်း ညီညီ(T&T)တို့၏ တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။

Myanmar Media Group မှ စီစဉ်သည့် ဒုတိယအကြိမ် Air KBZ ရွှေအောင်လံ လက်ဝှေ့ပွဲတွင် ရုံဝင်ကြေးများအဖြင့် ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း အသီးသီးသတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly