နည်းပြဟောင်း ဆီဗာဂျီနှင့် တိုက်စစ်မှူး ဘမ်ဘာ တို့ ဟံသာဝတီအသင်းနှင့် ပြန်လည်ပူးပေါင်း

နည်းပြဟောင်း ဆီဗာဂျီနှင့် တိုက်စစ်မှူး ဘမ်ဘာ တို့ ဟံသာဝတီအသင်းနှင့် ပြန်လည်ပူးပေါင်း
ဟံသာဝတီအသင်းနှင့်ပြန်လည်ပူးပေါင်းမည့် နည်းပြ ဆီဗာဂျီ။

ဒီဇင်ဘာ ၈၊ ရန်ကုန် ။          ။ ဟံသာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီကအသင်းကို တာဝန်ယူခဲ့သော  နည်းပြဟောင်းဆီဗာဂျီနှင့် တိုက်စစ်မှူးဟောင်း ဘမ်ဘာတို့ကို လာမည့် ဘောလုံးရာသီသစ်အတွက် ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်း က ပြောသည်။

စင်ကာပူလူမျိုးနည်းပြ ဆီဗာဂျီသည် ၂၀၀၉ မှ ၂၀၁၁ ထိ ဟံသာဝတီအသင်းကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို ပြီးခဲ့သည့် ဘောလုံးရာသီ ဒုတိယအကျော့၌ နည်းစနစ် ဒါရိုက်တာအဖြစ်ပြန်လည် ဆောင်ရွက်ခဲ့ဖူးသည့် နည်းပြတစ်ဦး ဖြစ်သည်။

“ လာမယ့်ရာသီအတွက် ဆီဗာဂျီ အသင်းပြန်လည်ကိုင်တွယ်ဖို့ စီစဉ်ထားပါတယ်။ သူကလည်း သဘောတူထားပါတယ်။ လောလောဆယ် မိသားစုကိစ္စအချို့ကြောင့် အသင်းကိုတော့ မရောက်နိုင်သေး ပါဘူး။ လာမယ့်အပတ်လောက်အတွင်း ရောက်မှာပါ။ နိုင်ငံခြားသားကတော့ တိုက်စစ်မှူး ဘမ်ဘာကို ပြန်ခေါ်ထားပါတယ်။ နောက်တစ်ယောက်ကတော့ အလယ်တန်းက ကိုနေးကို ခြေစွမ်းစမ်းသပ်နေ ပါတယ်။ ခေါ်ဖြစ်ရင် သတင်းထုတ်ပြန်ပေးပါမယ်။ အခြားလူထပ်ခေါ်ဖို့ကိုတော့ နည်းပြကြီးရောက်လာမှ အသင်းပိုင်ရှင်နဲ့ ညှိနှိုင်းပြီး ခေါ် မခေါ် ဆုံးဖြတ်သွားမှာပါ ” ဟု ဦးထွန်းထွန်းလင်းက ဟံသာဝတီ အသင်း၏ ရာသီသစ်အတွက် ပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့် ဘောလုံးရာသီသစ်အတွက် ပြည်တွင်းကစားသမားသစ်များအဖြစ် ရခိုင်ယူနိုက်တက်အသင်းမှ သူရကိုကို၊ သီဟအောင်၊ မင်းကိုသူ တို့ကိုလည်း ခြေစွမ်း စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly