အလောင်းတော် ကဿပဘုရားဖူး လမ်းမကြီးအား ယခုလကုန်တွင် ဖွင့်မည်

အလောင်းတော် ကဿပဘုရားဖူး လမ်းမကြီးအား ယခုလကုန်တွင် ဖွင့်မည်
အလောင်းတော်ကဿပဘုရားသို့သွားရာလမ်းမကြီးအား ယမန်နှစ်က ကွန်ကရစ်လမ်းခင်းနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - MOI

မုံရွာ၊ ဒီဇင်ဘာ ၈ ။          ။ ပြီးခဲ့သည့် လအနည်းငယ်က ရေကြီးမှုများကြောင့် ပျက်စီးခဲ့သည့် အလောင်းတော်ကဿပဘုရားသို့ သွားရောက်ဖူးမျှော်ရာလမ်းမကြီးအား ဒီဇင်ဘာလကုန်တွင် ဖွင့်ရန်အတွက် ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးကပြောသည်။

ယခုလကုန်တွင် ဖွင့်လှစ်နိုင်ရန်အတွက်  လမ်းကြောင်းရှင်းလင်းရေးအဖွဲ့များမှမြေညှိခြင်းလုပ်ငန်း များကို နိုဝင်ဘာလ၂၀ ရက်နေ့မှ စတင်ကာပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါပြီးစီးနေပြီး ဖြစ်ကြောင်း ၎င်းကပြောသည်။

" အလောင်းတော်ကဿပဘုရားဖူးလမ်းကိုဘုရားဖူးတွေအတက်နိုင်ဆုံးစောစောသွားလာနိုင်အောင်လို့ အခုလကုန်မှာ ဖွင့်ပေးမှာပါ၊ လမ်းကြောင်းရှင်းလင်းရေးအတွက် ဘတ်ဖိုးတစ်စီးနဲ့မြေကော်စက် တစ်စီးကို အသုံးပြုပြီး မြေသာပြုပြင်မှုတွေ လုပ်ဆောင်နေပါတယ်.။ပြီးစီးနေပါပြီ၊တောင်ပေါ်လမ်းပိုင်း အငယ်နည်းပဲကျန်ပါတော့တယ်" ဟု တိုင်းဒေသကြီးလမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး က ပြောသည်။

အဆိုပါ  အလောင်းတော်ကဿပသို့ သွားရာတွင် ယင်းမာပင်မြို့မှတဆင့် ဖိုလ်ဝင်တောင် တောင်ခြေရှိ ကပိုင်ကျေးရွာသို့ သွားရာလမ်း နှင့်မုံရွာချင်တွင်း တံတားမှ သရော်ကျင်း - ရင်ဘောင်တိုင်တို့   မှ တဆင့်ကပိုင်ကျေးရွာသို့ သွားရာလမ်း ကြိုက်နှစ်သက်ရာလမ်း ၂  မျိုးဖြင့်သွားလာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly