အမေရိကန်တွင် ပထမဆုံးသော အမျိုးသားလိင်အဂါ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်မည်

အမေရိကန်တွင် ပထမဆုံးသော အမျိုးသားလိင်အဂါ အစားထိုးခွဲစိတ်ကုသမှု ပြုလုပ်မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ။         ။ အမေရိကန်တွင် ပထမဆုံးသော အမျိုးသားလိင်အင်္ဂါ အစားထိုးကုသ ခွဲစိတ်မှုတစ်ရပ်ကို လုပ်ဆောင်ရန် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ ဆရာဝန်များက စီစဉ်လျက်ရှိပြီး ယင်းခွဲစိတ်မှုကြောင့် ရာပေါင်းများစွာသော ဒဏ်ရာရ စစ်ပြန်များအတွက် အကူအညီဖြစ်ထွန်းစေနိုင်မည့် အလားအလာကောင်းများလည်း မြင်တွေ့နိုင်လေသည်။

အဆိုပါ ခွဲစိတ်မှုကို အာဖဂန်နစ္စတန်နိုင်ငံတွင် ဗုံးပေါက်ကွဲမှုကြောင့် လိင်အဂါထိခိုက်ခဲ့ရသော စစ်သားတစ်ဦးကို ပြုလုပ်ပေးရန် စီစဉ်ထားသည်ဟု တာဝန်ရှိသူတစ်ဦးက နယူးယောက်တိုင်းမ်သို့ အတည်ပြုသည်။

နာရီပေါင်း ၁၂ နာရီကြာမြင့်နိုင်သည့် ယင်းခွဲစိတ်မှုတွင် အာရုံကြောများ၊ သွေးကြောများကို အတူတကွ တွဲချုပ်ရမည်ဖြစ်ပြီး  ဆီးသွားမှု လုပ်ငန်းစဉ် နှင့် နောက်ပိုင်းတွင် လိင်ဆက်ဆံမှုစွမ်းရည်ကိုလည်း မူလအတိုင်း ရရှိစေနိုင်မည်ဖြစ်သည်။

ယင်းလုပ်ငန်းစဉ်အရ အမျိုးသားလိင်အဂါကိုသာ မူလအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး လူနာအနေဖြင့် ဇီဝနည်းဖြင့် ကလေးရယူနိုင်မည်မဟုတ်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

တိုင်းမ်သတင်းစာ၏ အဆိုအရ အီရတ် သို့မဟုတ် အာဖဂန် နစ္စတန် နိုင်ငံတို့တွင် ပြီးခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်များအတွင်း လိင်အဂါပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သား ၁,၃၆၇ ဦး ရှိခဲ့သည်ုဟု ဆိုသည်။

ယခုနှစ်အစောပိုင်းက တောင်အာဖရိက အမျိုးသားတစ်ဦးသည် ကမ္ဘာ့ပထမဆုံး လိင်အဂါအစားထိုးခွဲစိတ်မှုတစ်ခု ကို လုပ်ဆောင်အောင်မြင်ထားခဲ့ပြီးနောက် ကလေးအဖေတစ်ဦးအဖြစ် ခံယူသွားနိုင်သည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly