IS တို့ကို တိုက်ခိုက်နေသော ဂျက်တိုက်လေယာဉ်များကို သီတင်းပတ်အတွင်း ကနေဒါ ပြန်ရုပ်မည်

IS တို့ကို တိုက်ခိုက်နေသော ဂျက်တိုက်လေယာဉ်များကို သီတင်းပတ်အတွင်း ကနေဒါ ပြန်ရုပ်မည်

အော့တဝါ၊ ဒီဇင်ဘာ ၈ ။            ။ အီရတ်နှင့် ဆီးရီးယားတို့ရှိ အိုင်အက်စ်ပစ်မှတ်များကို ညွန်ပေါင်းအုပ်စုနှင့် အတူ ပါဝင်တိုက်ခိုက်နေသော  ဂျက်တိုက်လေယာဉ်ခြောက်စီးကို သီတင်းပတ် အနည်းငယ် အတွင်း ပြန်လည်ခေါ်ယူ သွားတော့မည်ဖြစ်ကြောင်း ကနေဒါ ထိပ်တန်း အရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

အီရတ် မြောက်ပိုင်းရှိ ကာ့ဒ်တပ်သားများကို လေ့ကျင့်ပေးနိုင်မည့် တပ်ဖွဲ့ဝင်များကို ပိုမိုတာဝန်ပေးအပ်ခြင်းဖြင့် အမေရိကန်ဦးဆောင်သော စစ်ဆင်ရေးတွင် ပိုမိုထိရောက်စွာ ကူညီပေးနိုင်ကြောင်းလည်း ပြီးခဲ့သည့်လကမှ နိုင်ငံတွင် အာဏာရလာသော လစ်ဘရယ်အစိုးရက ပြောကြားလိုက်သည်။

"ဒီကိစ္စက သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ လုပ်သွားမှာပါ၊ လတွေ ထိတော့ မကြာပါဘူး"ဟု ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး စတီဖန် ဒိုင်အွန်က ပြောသည်။ "လောလောဆယ် ညွှန်ပေါင်း အဖွဲ့ရဲ့ လေကြောင်းထိုးစစ်ရဲ့ ၂ ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့ ကနေဒါက လုပ်ဆောင်နေပါတယ်၊ ခုဆိုရင် ညွန်ပေါင်းအဖွဲ့အတွက် ပိုမိုထိရောက်တဲ့ ပါဝင်ကူညီမှုမျိုးတွေ လုပ်တော့မှာပါ" ဟု ၎င်းက ပြောသည်။

အရှေ့အလယ်ပိုင်းသို့ ဂျက်တိုက်လေယာဉ်များနှင့် လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည့် ကွန်ဆာတေးဗစ်များကို လစ်ဘရယ်တို့က အနိုင်ရရှိခဲ့ပြီး ဂျက်စတင် ထရူဒိုက ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဒီဇင်ဘာ ၇ ရက်က ကနေဒါ ပါလီမန်တွင် ကွန်ဆာဗေးတစ်များက ဆွေးနွေးပြောကြားရာတွင် အမေရိကန် သမ္မတ အိုဘားမားက အိုင်အက်စ်တို့အပေါ်စစ်ဆင်ရေးအတွင်း ပါဝင်နေသည့် အနီးကပ်မဟာမိတ်များကို မှတ်ချက်ပြုရာတွင် မိမိတို့နိုင်ငံကို ထည့်ပြောသွားခြင်းမရှိဟု ဆိုသည်။

"မိမိတို့ မဟာမိတ်များ ထိုးစစ်များကို အရှိန်မြင့်နေချိန်တွင် ဝန်ကြီးချုပ် က အဘယ့်ကြောင့် စစ်ဆင်ရေးပိုင်းနောက်ဆုတ်နေရသနည်းဟု ကွန်ဆာတေးဗစ် ခေါင်းဆောင် ရိုနာ အမ်ဘရိုစီက မေးခွန်းထုတ်သည်။

ဝန်ကြီးချုပ်က ထရူဒိုက ယခုကိစ္စရပ်များတွင် မဟာမိတ်များနှင့် ညှိနှိုင်းစေ့စပ်သွားမည်ဖြစ်ကြောင်းနှင့် ညွန်ပေါင်းအုပ်စုကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly