အက်ဖ်အေဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ အာဆင်နယ်တို့ ဆန်းဒါးလန်းနှင့် တွေ့ဆုံ

အက်ဖ်အေဖလား တတိယအဆင့်တွင် လက်ရှိချန်ပီယံ အာဆင်နယ်တို့ ဆန်းဒါးလန်းနှင့် တွေ့ဆုံ

အင်္ဂလန်၊ ဒီဇင်ဘာ ၈ ။          ။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များအတွက် မဲနှိုက်ခဲ့ရာတွင် လက်ရှိချန်ပီယံ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း တစ်သင်းဖြစ်သည့် ဆန်းဒါးလန်းအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထိုပွဲစဉ်များတွင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုအဖြစ် ပွဲစဉ် ငါးပွဲပါဝင်လာခဲ့သည်။ ထိုပွဲစဉ်များမှာ စပါးနှင့် လက်ရှိပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာ၊ မန်စီးတီးနှင့်နောဝှစ်ချ်၊ ဆောက်သမ်တန်နှင့်ခရစ္စတယ်ပဲလေ့စ်၊ ဝက်ဖို့ဒ်နှင့်နယူးကာဆယ်၊ အာဆင်နယ်နှင့် ဆန်းဒါးလန်းတို့ ပွဲစဉ်များဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ လေတန်အိုးရီးယန့်(သို့မဟုတ်)စကန်သော့ပ်အသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူမှာ ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည့်အတွက် အခြား ပရီးမီးယားလိဂ် အသင်းကြီးများထက် ပွဲချောင်လျက်ရှိသည်။

နည်းပြဂျာဂင်ကလော့ပ်၏ လီဗာပူးလ်မှာလည်း လိဂ်-၂ ကလပ် အိတ်စတာအသင်းနှင့်အဝေးကွင်းတွင် ကစားရမည်ဖြစ်သည့်အတွက် ပွဲချောင်နေသည်။

လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှာ အက်ဖ်အေဖလားကို ၁၂ ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ၎င်း၏နောက်တွင် မန်ယူက ၁၁ ကြိမ်၊ စပါးက ၈ ကြိမ်၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် ဗီလာတို့က ၇ ကြိမ်စီဖြင့် ရပ်တည်နေကြသည်။

အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ၂၀၁၆ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ကြားတွင် ကစားသွားမည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags