ပဲရစ်မြို့အတွက် ဂုဏ်ပြုသီချင်း တစ်ပုဒ်ကို ယူတူးရော့ခ်ဂီတအဖွဲ့ ရေးဖွဲ့ထား

ပဲရစ်မြို့အတွက် ဂုဏ်ပြုသီချင်း တစ်ပုဒ်ကို ယူတူးရော့ခ်ဂီတအဖွဲ့ ရေးဖွဲ့ထား

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ ယူတူး(U2) သည် ပဲရစ်မြို့အတွက် ဂုဏ်ပြုသီချင်းတစ်ပုဒ်ကို ရေးဖွဲ့ထားသည်။ ပဲရစ်မြို့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး လူပေါင်း ၁၃၀ ခန့် သေဆုံးသွားခဲ့ရာ ထိုအကြမ်းဖက် မှှုအား ဆန့်ကျင်ကာ၊ ပဲရစ်အား ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုသီချင်းကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ပဲရစ်မြို့တွင် အကြမ်းဖက်မှှု ဖြစ်ပွါးခဲ့ရာ၊ ထိုရက်နှင့် နီးကပ်သော ရက်တစ်ရက်တွင် ကျင်းပရန် စီစဉ်ထားခဲ့သည့် ယူတူးအဖွဲ့ ဖျော်ဖြေရေး အစီအစဉ်ကိုလည်း ရက်ရွှေ့ဆိုင်းခဲ့ရသည်။

အစီအစဉ်ကို ရက်ရွှေ့ခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံ၏ မြို့တော် ပဲရစ်တွင် ယူတူးအဖွဲ့သည် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၆ ရက်နေ့) ညနေက ဖျော်ဖြေတင်ဆက်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှှု ဖြစ်ပွားအပြီး တွင် ပဲရစ်၌ ယူတူးအဖွဲ့၏ ပထမဆုံး ဖျော်ဖြေရေး အစီအစဉ် ဖြစ်သည်။

ပဲရစ်မြို့အား ဂုဏ်ပြုရေးဖွဲ့ထားသော သီချင်းထဲတွင် “လူတိုင်းမှာ လွတ်လပ်မှှု မြို့တော် တစ်ခု စီ ရှိကြပါတယ်။ ငါ့အတွက်တော့ ပဲရစ်ဟာ အဲဒီမြို့ပါပဲ။ ပဲရစ်ကို ငါ ချစ်တယ်” ဟု အဓိပ္ပါယ်ရသည့် စာသား ပါဝင်ကြောင်း အဆိုတော် ဘိုနိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly