Psy ၏ “Gentleman” တေးဂီတဗီဒီယို ကြည့်ရှုသူ သန်း ၉၀၀ ရှိခဲ့

Psy ၏ “Gentleman” တေးဂီတဗီဒီယို ကြည့်ရှုသူ သန်း ၉၀၀ ရှိခဲ့

တောင်ကိုရီးယား အဆိုတော်  Psy ၏  “Gentleman” တေးဂီတဗီဒီယိုသည် မကြာသေးမီက ကြည့်ရှုသူ သန်း ၉၀၀ ကျော် ရှိခဲ့ကြောင်းနှင့် ယင်းတေးဂီတဗီဒီယိုသည်  ၂၀၁၃ ခုနှစ် ဧပြီလက ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

“Gentleman” တေးဂီတဗီဒီယိုသည် ထွက်ရှိသည်မှာ နှစ်နှစ်ကျော် ကြာပြီဖြစ်သော်လည်း လူကြိုက်များမှုများ အများအပြား ရရှိနေဆဲဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်အထိ “Gangnam Style” တေးဂီတ ဗီဒီယိုသည် ကြည့်ရှုသူ ၂ဒသမ ၄ ဘီလျံကျော်ရှိခဲ့ပြီး  Psy၏ သတ္တမမြောက် တေးသီချင်း အယ်လ်ဘမ် “Chiljip Psy-da” မှ ခေါင်းစဉ်တေးသီချင်း “Daddy” တေးသီချင်းသည် ကြည့်ရှုသူ ၃၁ သန်းကျော် ရှိခဲ့သည်။

Psy သည် “All – night Stand” နှစ်ကုန်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ Olympic Gymnastics Arena တွင် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags