အိန္ဒိယ-ပါကစ္စတန် အဆင့်မြင့်အရာရှိများ ဆွေးနွေး

အိန္ဒိယ-ပါကစ္စတန် အဆင့်မြင့်အရာရှိများ ဆွေးနွေး

အစောပိုင်းက ရွှေ့ဆိုင်းခဲ့ရပြီးနောက် လေးလအကြာတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့၏ အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်ခဲ့သည်။

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ဒီဇင်ဘာ ၆ ရက်က နှစ်ဖက်အရာရှိများကြား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ပြီးခဲ့သည့်နှစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ပါကစ္စတန်ခေါင်းဆောင်အား ဖိတ်ကြားခဲ့သော်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေးက အဆင်မချောဘဲ ရှိခဲ့သည်။

ကတ်ရှ်မီးယားအငြင်းပွားဒေသ နယ်စပ်တွင် အပြစ်အလှန်ပစ်ခတ်မှုများကြောင့် နှစ်ဖက်စလုံးမှ ဒါဇင်ချီသေဆုံးခဲ့သည်။

ဒီဇင်ဘာ ၆ ရက် ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံမှ လုံခြုံရေးအကြံပေးအရာရှိများက ကတ်ရှ်မီးယား ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အကြောင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

"နှစ်နိုင်ငံကြား ဆက်လက်ပြီး ခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်သွားရန် သဘောတူခဲ့ကြောင်း" ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆွေးနွေးပွဲကို နှစ်ဖက်စလုံးအတွက် အဆင်ပြေလမ်းသင့်သဖြင့် ဘန်ကောက်တွင် ရွေးချယ်ကျင်းပရခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနတာဝန်ရှိသူက အေပီသတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ကြရာ၌ မိုဒီနှင့် ပါကစ္စတန်ခေါင်းဆောင် နာဝပ်ဇ်ရှာရစ်တို့ မစီစဉ်ထားဘဲ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly