ဘင်လာဒင်၏သားက အမေရိကန်ထံမှ ဘင်လာဒင်သေဆုံးကြောင်း အထောက်အထား စာရွက်စာတမ်း တောင်းဆိုခဲ့သည်ဟု ဝီကီလိ ဖော်ပြ

ဘင်လာဒင်၏သားက အမေရိကန်ထံမှ ဘင်လာဒင်သေဆုံးကြောင်း အထောက်အထား စာရွက်စာတမ်း တောင်းဆိုခဲ့သည်ဟု ဝီကီလိ ဖော်ပြ

ရီယာ့ဒ်၊ ဇွန် ၂၁ ။       ။ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့က သတ်ဖြတ်လိုက်ပြီးနောက်ပိုင်းတွင် အယ်ခိုင်ဒါခေါင်းဆောင် အိုစမာ ဘင်လာဒင်၏ သားတစ်ယောက်က အမေရိကန်ပြည်ထောင်စုထံမှ ဘင်လာဒင် အမှန်တကယ် သေဆုံး ကြောင်း အထောက် အထား စာရွက်စာတမ်းကို တောင်းဆိုခဲ့သည်ဟု ဝီကီလိ (WikiLeaks) က  ကြာသပတေးနေ့ (ဇွန် ၁၈)က ထုတ်ပြန်သည့် စာတစ်စောင်တွင် ဖော်ပြထားသည်။

ရီယာ့ဒ်ရှိ အမေရိကန်သံရုံးမှဟု ဖော်ပြထားသည့် အဆိုပါစာမှာ ဝီကီလိက ထုတ်ဝေခဲ့သည့် The Saudi Cables ဟု အမည်ပေး ထားသော စာရွက်စာတမ်;ပေါင်း ၇၀,၀၀၀ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

စာကို ရီယာ့ဒ်ရှိ အမေရိကန်ကောင်စစ်ဝန် ဂလင်း ကယ်ဆာက လက်မှတ်ရေးထိုးထားပြီး အဗ္ဗဒူလာ ဘင်လာဒင်သို့ လိပ်မူထား ကာ အမေရိကန်တို့က ဆယ်စုနှစ်တစ်ခုကြာ တောနင်းရှာဖွေခဲ့ပြီးနောက် ပါကစ္စတန်တွင် ၎င်း၏ဖခင်ကို သတ်ဖြတ်ခဲ့ပြီး ၄ လ အကြာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၉ ရက် နေ့စွဲတပ်ထားသည်ဟု ဆိုသည်။

စာထဲတွင် ကေဆာက သင့်ဖခင် အိုစမာဘင်လာဒင် သေဆုံးကြောင်း အထောက်အထားစာရွက် တောင်းဆိုတဲ့စာကို လက်ခံရရှိခဲ့ ပါတယ်ဟု ရေးသားထားသည်ဟု ဆိုသည်။ ဆက်လက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥပဒေရေးရာ ကျွမ်းကျင်သူများ မှာ ယင်းကဲ့သို့သော စာရွက်စာတမ်းများ ထုတ်ပြန်လေ့မရှိကြောင်းလည်း ကေဆာက တုန့်ပြန်ဖြေကြားထား သည်ဟု ဆိုသည်။

ယင်းအစား အာဏာပိုင်များက အိုစမာဘင်လာဒင် သေဆုံးကြောင်း အတည်ပြုချက်များနှင့် ဘင်လာဒင်အပေါ် စွဲချက်များကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းများ ပါရှိသည့် အမေရိကန်တရားရုံး မှတ်တမ်းများကိုသာ ကေဆာက အဗ္ဗဒူလာ ဘင်လာဒင်ထံသို့ ပို့ပေးခဲ့သည်ဟု ဆိုသည်။

''ဒီအစိုးရ စာရွက်စာတမ်းတွေက သင်နဲ့သင့်မိသားစုအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်''ဟု ကေဆာ က ရေးသားထားသည်ဟု ဆိုသည်။

ဘင်လာဒင်များမှာ အထင်ကရ ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် မိသားစုဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ဆော်ဒီဘုရင့်နိုင်ငံက အိုစမာဘင် လာဒင်ကို နိုင်ငံသားအဖြစ်မှ ရပ်စဲပစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly