ပြင်းအား ရ ဒသမ ၂ ရှိငလျင်တစ်ခု တာဂျစ်ကစ္စတန်တွင် လှုပ်ခတ်

ပြင်းအား ရ ဒသမ ၂ ရှိငလျင်တစ်ခု တာဂျစ်ကစ္စတန်တွင် လှုပ်ခတ်

နယူးဒေလီ၊ အယ်လ်မာတီ၊ ဒီဇင်ဘာ ၇ ။          ။ ဒီဇင်ဘာ ၇က တာဂျစ်ကစ္စတန်နိုင်ငံ၊ မာဂေါ့မြို့၏အနောက်ဘက် ၁၀၉ ကီလိုမီတာအကွာတွင် ပြင်းအား ၇ဒသမ၂ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အိန္ဒိယမြို့တော်နယူးဒေလီနှင့် ပါကစ္စတန်ရှိ အဆောက်အဦများပင် လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS)နှင့် မျက်မြင်သက်သေများက ပြောကြားသည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ယခုအချိန်အထိမရရှိသေးကြောင်း တာဂျစ်ကစ္စတန် အရေးပေါ်ကော်မတီမှ ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားသည်။

ငလျင်ကြောင့် တာဂျစ်ကစ္စတန်ရှိ ရုရှားစစ်အခြေစိုက်စခန်းများ ထိခိုက်ပျက်စီးမှုမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်ကို ကိုးကား၍ RIA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ငလျင်၏ဗဟိုချက်မှာ လူဦးရေကျဲပါးပြီး တောင်ထူထပ်သည့် ကာရာကူလ်ဒေသ၏ အနောက်တောင်ဘက် ၁၁၁ကီလိုမီတာအကွာတွင် ရှိသည်ဟု USGS ကပြောသည်။ ငလျင်ကြောင့် မြို့တော်တွင် လှုပ်ခတ်မှုခံစားရသော်လည်း ပြင်းထန်မှုမရှိဟု ဒူရှန်ဘေမှ ဒေသခံတစ်ဦးက ရိုက်တာသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly