ASUS ကွန်ပျူတာကုမ္ပဏီကြီးက KMD Computer Group နှင့် ဆက်စပ်လုပ်ကိုင်သွားမည်

ASUS ကွန်ပျူတာကုမ္ပဏီကြီးက KMD Computer Group နှင့် ဆက်စပ်လုပ်ကိုင်သွားမည်

ဒီဇင်ဘာ ၇ ရက် ။            ။ မြန်မာနိုင်ငံရှိ KMD Computer Group နှင့် ဌာနေကွန်ပျူတာဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ASUS ကွန်ပျူတာကုမ္ပဏီကြီးက ထုတ်ပြန်ကြေညာသည်။

၁၉၈၉ ခုတွင် ထိုင်ဝမ်နိုင်ငံ ထိုင်ပင်းမြို့တော်တွင် Acer ကွန်ပျူတာကုမ္ပဏီ၌ ကွန်ပျူတာအင်ဂျင်နီယာများအဖြစ် လုပ်ကိုင်ခဲ့သူ လေးဦးက စတင်ထူထောင်ခဲ့ပြီးနောက် ယခုအခါ ကမ္ဘာ့ထိပ်တန်းဝင် ကုမ္ပဏီတစ်ခုဖြစ်နေပြီဖြစ်သည်။

ASUS ကုမ္ပဏီ အင်ဒိုချိုင်းနားနှင့် ထိုင်းနိုင်ငံ ဌာနေမန်နေဂျာ မစ္စတာ ဂျက်ဖ်လိုက "အိုင်တီနဲ့ပတ်သက်ပြီး နာမည်ရနေတဲ့ KMD နဲ့ အလုပ်တွဲလုပ်ရတာ ကျေနပ်ပါတယ်။ နိုင်ငံအတွင်း တိုးတက်လာနေတဲ့ အိုင်တီဈေးကွက်အတွက် လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ပြီး မြန်မာနိုင်ငံသားတွေအနေနဲ့ ဒစ်ဂျစ်တယ်ခေတ်နဲ့အညီဖြစ်စေဖို့ ASUS ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရရှိတော့မှာ ဖြစ်ပါတယ်။" ဟု ပြောသည်။

KMD သည် ၁၉၈၆ မှစ၍ သတင်းအချက်လက်ဆိုင်ရာနည်းပညာထုတ်ကုန်များကို ဖြန့်ဖြူးနေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly