ဖိလစ်ပိုင် မဲစစ်တမ်းများတွင် ရာဇဝတ်မှုတိုက်ဖျက်သည့် မြ်ို့တော်ဝန် သမ္မတဖြစ်လာရန် ရေပန်းစားနေ

ဖိလစ်ပိုင် မဲစစ်တမ်းများတွင် ရာဇဝတ်မှုတိုက်ဖျက်သည့် မြ်ို့တော်ဝန် သမ္မတဖြစ်လာရန် ရေပန်းစားနေ

မနီလာ၊ ဒီဇင်ဘာ - ၇ ။           ။ ဒီဇင်ဘာ ၇ ရက်နေ့က ထင်မြင်ချက် မဲစစ်တမ်းတစ်ခုအရ စကားပြောပြတ်သား၍ သူပုန်များထကြွသောင်းကျန်းနေသည့် ဖိလစ်ပိုင်တောင်ပိုင်းတွင် ရာဇဝတ်မှုများကို တိုက်ဖျက်မှုဖြင့် နာမည်ကောင်းရနေသော သက်တမ်းခုနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သည့် မြို့တော်ဝန်မှာ မေလ ရွေးကောက်ပွဲများတွင် သမ္မတ ဘင်နစ်နို အာကွီနိုကို ဆက်ခံမည့်သူအဖြစ် လူကြိုက်များ ရေပန်းစားလျှက်ရှိသည်ဟု ဆိုသည်။

Social Weather Stations က ပြုလုပ်သည့် မဲစစ်တမ်းတွင် တုန့်ပြန်ဖြေကြားသူ ၁၂၀၀အနက် ၃၈ရာခိုင်နှုန်းက အသက် ၇၀အရွယ် ဒါဗောင်မြို့တော်ဝန် ရိုဒရီကို ဒူတာတီကို အလားအလာအရှိဆုံး ပြိုင်ဘက်အဖြစ် တစ်ပေးခဲ့ကြသည်ဟု ဆိုသည်။

ဇွန်လနှင့် စက်တင်ဘာလများက စစ်တန်းများတွင် ထိပ်ကပြေးနေသည့် အထက်လွှတ်တော်အမတ် ဂရေ့စ် ပိုးမှာ ၂၁ရာခိုင်နှုန်းနှင့် ဒုတိယနေရာသို့ ဆင်းသွားခဲ့ရာ ယခုနှစ်အစောပိုင်း မဲစစ်တမ်းများတွင် ဦးဆောင်နေခဲ့သည့် ဒုသမ္မတ ဂျီဂျိုမာ ဘီနေးနှင့် တစ်တန်းတည်း ရပ်တည်နေသည်။ စက်တင်ဘာလက မဲစစ်တမ်းတွင် ပိုးက ထောက်ခံမှု ၂၆ရာခိုင်နှုန်းရရှိခဲ့ပြီး ဘီနေးက ၂၄ရာခိုင်နှုန်း ရရှိခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ပိုးအား နေထိုင်သည့်ကာလ သတ်မှတ်ချက် ၁၀နှစ်ကို မပြည့်မှီသောကြောင့် သမ္မတအရွေးခံခွင့် ပိတ်ပင်ထားခဲ့သော်လည်း အယူခံဝင်ပါက ဆုံးဖြတ်ချက်ပြောင်းလဲနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။  

အာရှ၏ ဖွံ့ဖြိုးမှုအမြန်ဆုံးတစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်တွင် နိုင်ငံရေးဆက်ခံမှုက အာကွီနိုလက်ထက်အတွင်းက ရရှိထားခဲ့သည့် အကျိုးအမြတ်များကို တိမ်းပါးသွားစေမည်ကို စိုးရိမ်နေကြသည့် ရင်းနှီးမြှုပ်နှံသူများက ရွေးကောက်ပွဲများကို အနီးကပ်စောင့်ကြည့်ကြမည်ဖြစ်သည်။

အကွီနိုလက်ထက်တွင် ဖိလစ်ပိုင်မှာ ပျမ်းမျှအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှု ၆ရာခိုင်နှုန်းကျော်ရှိခဲ့ရာ ဆယ်စုနှစ်လေးခုတာ ကာလအတွင်း အကောင်းဆုံး ငါးနှစ်စံချိန်ပင်ဖြစ်သည်။ အကွီနိုမှာ အကျင့်ပျက်ခြစားမှုကို ဇက်ခွံ့ထိန်းချုပ်နိုင်ရန်လည်း တိုက်ပွဲဝင်နေခဲ့ရသည်။

၆နှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသား ၅၄သန်းခန့်မှာ သမ္မတ၊ ဒုသမ္မတနှင့် အစိုးရအမှုဆောင်အရာရှိများ၊ ဥပဒေပြုအမတ်များကို မဲပေးရွေးချယ်ရတော့မည် ဖြစ်သည်။

အကွီနိုရွေးချယ်ထားသည့် ဆက်ခံသူ ပြည်ထဲရေးဝန်ကြီးဟောင်း မင်နုရယ် မာ ရိုဇက်မှာမူ မဲစစ်တမ်းတွင် စတုတ္ထနေရာ၌သာ ရပ်တည်နေညပီး စက်တင်ဘာလက ထောက်ခံမှု ၂၀ရာခိုင်နှုန်း ရရှိခဲ့ရာမှ ၁၅ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။

နိုင်ငံရေးဝေဖန်သုံးသပ်သူများကမူ ဒူတာတီကို ထောက်ခံမှု မြင့်တက်လာခဲ့ခခြင်းမှာ ၎င်း၏ ရာဇဝတ်မှု တိုက်ဖျက်ရေးစိတ်ဓာတ်ကြောင့် ဖြစ်သည်ဟု ပြောကြားကြသည်။

မြို့တော်ဝန်တစ်ယောက်အနေဖြင့် ဒူတာတီက တစ်ခါက ရာဇဝတ်မှုအထူပြောဆုံးဖြစ်ခဲ့သည့် ဒါဗောင်မြို့ကို နာမည်ကောင်းရလာအောင် ပြောင်းလဲပစ်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly