မြန်မာစာ သတင်းစာ တရုတ်နိုင်ငံ၌ ပထမဆုံး ထုတ်ဝေပြီ

မြန်မာစာ သတင်းစာ တရုတ်နိုင်ငံ၌ ပထမဆုံး ထုတ်ဝေပြီ

ဒီဇင်ဘာ ၇ ရက် ။          ။ တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ်၌ အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်၍ မြန်မာစာနှင့် ပုံနှပ်ဖော်ပြသည့် သတင်းစာကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက ထုတ်ဝေလိုက်ပြီဖြစ်သည်။

အဆိုပါ အပတ်စဉ်ထုတ် သတင်းစာအား "ပေါက်ဖော်" ဟု အမည်ပေးထားပြီး တရုတ်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်မှုကို ဖော်ပြရာတွင် နှစ်ဖက် သုံးလေ့ရှိသည့် စကားလုံးဖြစ်သည်။

ယူနန်ပြည်နယ်အနောက်ဘက်၊ မြန်မာနိုင်ငံ ကချင်ပြည်နယ်စပ်ရှိ Dehong ကိုယ်ပိုင်စီရင်ခွင့်ရဒေသမှ ထုတ်ဝေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဒီဇင်ဘာ ၇ ရက်တွင်ဖော်ပြသည်။

လက်ရှိတွင် တရုတ်နိုင်ငံ Dehong ကိုယ်ပိုင်စီရင်ခွင့်ရဒေသ၌ မြန်မာနိုင်ငံသား ၅ သောင်းကျော် လာရောက် အလုပ်လုပ် နေသည်ဟုလည်း သိရသည်။ ပထမဆုံးအကြိမ်ထုတ်ဝေမှုကို ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့ပြီး အခမဲ့ဖြစ် သည်ဟု ဆိုသည်။

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly