အိုင်အက်စ်အုပ်စုကို ဖျက်ဆီးပစ်မည်ဟု အိုဘားမားပြော

အိုင်အက်စ်အုပ်စုကို ဖျက်ဆီးပစ်မည်ဟု အိုဘားမားပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ။            ။ အိုင်အက်စ်အုပ်စု၏ တိုက်ခိုက်မှုကိုခံရသော အမေရိကန်လူမျိုးများကို နှစ်သိမ့်ရန်ကြိုးပမ်းသည့်အနေဖြင့် ၎င်းအုပ်စုကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီဇင်ဘာ၆တွင် ပြောကြားခဲ့သည်။ အလွန်အရေးကြီးသည့်အချိန်တွင် အိုဘားမားသည် ရှားရှားပါးပါးဘဲဥပုံရုံးခန်းမှ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ၁၄ ဦးသေဆုံးခဲ့သော ကယ်လီဖိုးနီးယားတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ၎င်း၏ ဦးဆောင်မှုအပေါ် သံသယဖြစ်မှုနှင့် ရင်ဆိုင်နေရသော အိုဘာမားသည် နိုင်ငံအား တည်ငြိမ်စေရန် အမေရိကန်ပါဝါ၏ အမြင့်ဆုံးအဆောင်အယောင်များကို အသုံးချနေသည်။

"ကျွန်တော်တို့ဟာ ချက်ခြင်းကုစားလို့မရတဲ့ ကင်ဆာတစ်မျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပြီလားလို့ အမေရိကန်အများအပြားက မေးနေပါတယ်"ဟုအိုဘားမားကပြောသည်။ ရိုးရှင်းသောခြိမ်းခြောက်မှု ပုံစံသစ်ဖြင့် တိုက်ခိုက်မှုတစ်ခုပြုလုပ်ခံရအပြီး စာနာကြောင်းပြသသည့် လေသံဖြင့် အိုဘားမားက ပြောကြားခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားတို့ကို ကျွန်တော်သိစေချင်တာက အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှုဆိုတာ တကယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒါကိုကျော်လွှားနိုင်မှာပါ။ ကျွန်တော်တို့ အိုင်အက်စ်ကို ဖျက်ဆီးပစ်မှာပါ။ နောက်ပြီး ကျွန်တော်တို့ကို အန္တရာယ်ပေးမဲ့ ဘယ်အဖွဲ့အစည်းမဆို ဖျက်ဆီးပစ်မှာပါ"ဟု ၎င်းကပြောသည်။

"လိုအပ်ရင် ဘယ်နိုင်ငံမှာမဆို အကြမ်းဖက်ဖို့ ကြံစည်ကြိုးစားသူတွေကို ကျွန်တော်တို့ စစ်တပ်က ဆက်ပြီး ရှာဖွေနှိမ်နင်းသွားမှာပါ"ဟု အိုဘားမားကဆိုသည်။ အိုင်အက်စ်နှင့် အယ်လ်ခိုင်ဒါတို့ နှိုးဆော်ဖြန့်ဖြူးနေသည့် အမုန်းတရားသဘောတရားရေးများကို လုံးဝလက်မခံဘဲယတိပြတ်ပယ်ချကြရန်လည်း ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များနှင့် အမေရိကန်မွတ်စလင်များကို အိုဘားမားက တိုက်တွန်းခဲ့သည်။

အိုဘားမားက ဘဲဥပုံရုံးခန်းမှ မိန့်ခွန်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံအကျပ်အတည်းနှင့် ကြုံတွေ့ချိန် ဟယ်ရီထရူးမင်းလက်ထက်ကတည်းက မိန့်ခွန်းပြောရာတွင် ၎င်းရုံးကို သုံးခဲ့ကြသည်။

ယခင်က နှစ်ကြိမ်သာသုံးသေးပြီး ပထမတစ်ကြိမ်မှာ မက္ကဆီကိုပင်လယ်ကွေ့တွင် ရေနံစိမ်းများဖိတ်လျှံစဉ်က ဖြစ်သည်။ ဒုတိယအကြိမ်မှာ အီရတ်တွင် တိုက်ခိုက်မှုစစ်ဆင်ရေးများ ပြီးဆုံးကြောင်း အထိမ်းအမှတ်ပြောသော မိန့်ခွန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly