သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ ့ဆုံ

သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ ့ဆုံ
သူရဦးရွှေမန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၉ရက်က နေပြည်တော်တွင် တွေ့ဆုံသည့်ပုံ။ (ဓာတ်ပုံ-သက်ကို)

နေပြည်တော်၊ ဒီဇင်ဘာ ၇ ။ ။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးတွင် တွေ့ဆုံနေကြသည်။ 

တွေ့ဆုံမှုတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကိုမူ မသိရှိရသေးပေ။ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူရဦးရွှေမန်း နှင့် တွေ့ဆုံမှုမှာအများဆုံးဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ရွေးကောက်ပွဲအပြီးတွင် အကြိမ်ရေ ခပ်စိပ်စိပ် တွေ့ဆုံခဲ့ပြီး သီးသန့်တွေ့ဆုံမှုမှာ အနည်းဆုံး ရှစ်ကြိမ်ရှိပြီဟုလည်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly